Ep 22

33.4K 3.5K 119
                                    

Zawgyi

Holding Hate Loving Him ep 22

ညသန်း​ခေါင်​ယံသို့ကူး​တော့မည့်​အချိန်​မို့တိုက်​ခတ်​​နေ​သည့်​​လေကအနည်းငယ်​​​အေးနေသည်​။ သို့​သော်​ ကားထွက်​ခါနီးအချိန်​မို့ လူကများပြီးကားဝင်းထဲတွင်​​တော့လှုပ်​လှုပ်​ရှားရှားနှင့်​ဖြစ်​ကာ ​အေးမှန်း​တောင်​မသိရ။

ရန်​ကုန်ခရီးစဉ်​သို့ဦးတည်​သည့်​ကား​ဘေးတွင်​​တော့ 
ရဲခန့်​နှင့်​ကျွန်​​တော်​ရှိသည်​။ ညဘက်​ကြီးဖြစ်​တာ​တောင်​ ရန်​ကုန်​ပြန်​မည့်​ ကျွန်​​တော့်​အား ကားဂိတ်​လိုက်​ပို့ခြင်းဖြစ်​သည်​။

ညီ​လေး ရဲခန့်​။
ကျွန်​​တော်​တို့နှစ်​​ယောက်​မှာ မျက်​နှာကလွဲလျှင်​ကျန်​သည့်​အရာ​တော်​​တော်​များများတူသည်​။ အသားအရည်​၊အရပ်​အ​မောင်း ၊ ခန္တာကိုယ်​ဖွဲ့စည်းပုံ၊ ဝတ်​ပုံစားပုံက အစတူသည်​။
မတူညီသည့်​မျက်​နှာနှစ်​ခုမှာ​တော့ တစ်​​ယောက်​တစ်​မျိုးစီ ကြည့်​​ကောင်းသည်​ဟုဆိုနိုင်​သည်​။

ရဲခန့်​မျက်​နှာ​လေးမှာ​တော့ပိုမိုကြည်​လင်​​နေသည်​။
ပင်​ပန်းဆင်းရဲတာခြင်းတူတာ​တောင်​ ကျွန်​​တော့်​လို ဒဏ်​ရာများမှမရှိခဲ့သည်​ပဲ။ သူ​ပျော်​​နေသည်​မှာမဆန်း။ ရဲခန့်​က ပို၍စိတ်​​ကောင်းရှိပြီး အရာရာကိုပို၍အ​ကောင်းမြင်​တတ်​​သည်​။

'ညီတစ်​ခါတည်းလိုက်​ခဲ့တာမဟုတ်​ဘူး.......'

'​လော​လောဆယ်​ ​ဖေ​ဖေ့ကိုတစ်​​ယောက်​တည်းထားခဲ့လို့မရတာလဲ ကိုကိုသိသားနဲ့.....ကိုကို မပူပါနဲ့....ညီ​ကျောင်းတက်​ရင်​ ရန်​ကုန်​ လာရမှာပဲဟာ...'

ဟုတ်​​တော့လည်း ဟုတ်​ပါသည်​။ အရက်​​ကြောင့်​ တဖြည်းဖြည်း အသည်းကျွမ်းလာ​သော သူ့အ​ဖေ ကိုတစ်​​ယောက်​တည်းထားခဲ့လျှင်​ပြု စုမည့်​သူမရှိ။

'ညီလာရင်​အဆင်​သင့်​ဖြစ်​​အောင်​ ကိုကို အလုပ်​လုပ်​ပြီးပိုက်​ဆံစုထားမယ်​....'

'ညီလဲစုထားပါတယ်​....ကိုကိုသာ......အိမ်​ပြန်​ရမှာအဆင်​​ပြေရဲ့လား......'

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now