Ep 10

38.9K 3.6K 138
                                    

Zawgyi

Holding Hate Loving Him ep 10

'ရတု........ဟာ.......​နေဦး​လေ.....ရတု......'

လမ်းထဲတွင်​​ရေများအနည်းငယ်​အိုင်​​နေ၍​ရေလွတ်​ရာသို့ကျွန်​​တော်​ စက်​ဘီးကိုတွန်းသွား​နေချိန်​ ရမာန်
အ​နောက်​မှလိုက်​လာသည်​။

'ငါဒီ​နေ့ ဘာဝယ်​လာတယ်​ထင်​လဲ........'

ကျွန်​​တော်​​ခေါင်းသာခါပြလိုက်​သည်​။ သူဘာဝယ်​လာလဲဆိုတာကိုလည်းစိတ်​မဝင်​စား၊ ဘာပစ္စည်းမှလဲမလိုချင်​။ ရမာန်​ ခရီးကပြန်​​ရောက်​ကတည်းက ကျွန်​​တော့်​​အတွက်​​မွေး​နေ့ လက်​​ဆောင်​မ​ပေးလိုက်​ရ၍
လာ​ပေးခဲ့သည်​​။ သို့​သော်​ကျွန်​​တော်​မယူ။ ကျွန်​​တော်​လိုချင်​ခဲ့သည်​ကထိုပစ္စည်းများမှမဟုတ်​ပဲ။ ဒါကိုသူမသိ။ သူ​ပေးသည်​ကိုကျွန်​​တော်​မယူ၍တစ်​​နေ့တစ်​မျိုး​နေ့တိုင်းလိုလိုလာ​ပေးသည်​။

ရမာန်​ ကျွန်​​တော့်​ကိုမှီ​အောင်​​လိုက်​လာပြီး လက်​တစ်​ဖက်​ကထုံးစံအတိုင်းကျွန်​​တော့်​ပုခုံး​ပေါ်​ရောက်​လာသည်​။ ​နွေး​ထွေးလှ​သောထိုလက်​များကိုကျွန်​​တော်​နှစ်​သက်​မိသ​လောက်​​ကြောက်​လည်း​ကြောက်​သည်​။

ထို့​နောက်​ရမာန်​​ဘူးထဲမှပစ္စည်းကိုထုတ်​လိုက်​သည်​။
နာရီလှလှ​လေးတစ်​လုံး။ အ​ရောင်​​ရောပုံစံ​ရောမှာကျွန်​​တော့်​အကြိုက်​ပုံစံဖြစ်​သည်​။ သို့​သော်​ကျွန်​​တော်​မလိုချင်​။ ရမာန်​ စကား​နောက်​တစ်​ခွန်းမဟရ​သေးခင်​ကျွန်​​တော်​စက်​ဘီး​ပေါ်တက်​လိုက်​သည်​​။ သူကျန်​ခဲ့မည်​စိုး၍ရမာန်​လည်းစက်​ဘီး​နောက်​ခုံ​ပေါ်အမြန်​တက်​လိုက်​သည်​။

'ရတု.....ဒီဟာ​တော့ယူ​တော့ကွာ.....ငါဘယ်​​လောက်​​တောင်​ခက်​ခက်​ခဲခဲရှာဝယ်​ခဲ့ရလဲသိလား.....'

ကျွန်​​တော်​ဘာမှခွန်းတုန့်​မပြန်​ပဲ စက်​ဘီးကိုစက်​နင်းလိုက်​သည်​။

'မင်းမယူရင်​တစ်​​နေ့လုံးမင်း​နောက်​လိုက်​​နေမှာ​နော်​.....'

'သ​ဘောပဲ........'

တစ်​​နေ့လုံး တ​ကောက်​​ကောက်​ လိုက်​ဦးမည်​တဲ့။
ထိုစကားမှာ​ပျော်​စရာ​ကောင်းလွန်းသည်​​တော့မဟုတ်​။ သူတစ်​​နေကုန်​ကျွန်​​တော့်​အနားရှိလို့​ပျော်​ရသည်​ထက်​ အ​နှောက်​ယှက်​ခံရသည်​ကပိုများသည်​​။ လူကိုဘယ်​လိုမှ​နေမရ​အောင်​အ​နှောက်​အယှက်​လိုက်​​ပေးတက်​​သော စွမ်းရည်​ကို ရမာန်​ ပိုင်​ဆိုင်​ထားသည်​။
သို့​သော်​မတတ်​နိုင်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now