Ep 41

24.4K 2.4K 190
                                    

Zawgyi

Holding Hate Loving Him ep 41

ဒီ​နေ့လဲ ရဲခန့်​ အိမ်​ပြန်​​နောက်​ကျတယ်​။ ရုံးကပါလာတဲ့အလုပ်​​တွေကိုကျွန်​​တော်​လတ်​စသတ်​ပြီးတာ​တောင်​သူပြန်​​ရောက်​မလာ​သေးဘူး။ သူခုတ​လောအရင်​ကထက်​အိမ်​ပြန်​​နောက်​ကျ​နေတာ။ ရဲခန့်​ က အသိဥာဏ်​ ရှိတဲ့သူဆို​ပေမယ့်​ စိတ်​က​တော့ပူရ​သေးတယ်​။ ကျွန်​​တော့်​ရဲ့တစ်​ဦး​တည်း​သော​သွေးသားဖြစ်​တဲ့သူ့ကို ​ကောင်း​ကောင်းမွန်​မွန်​ ​လေးရှင်​သန်​​စေချင်​တယ်​။ သူ့ဘဝကိုဘယ်​လိုမှအထိခိုက်​မခံ​စေချင်​ဘူး။

ဒါ​ပေမယ့်​ သူကလိမ္မာပါတယ်​။

ပြီး​တော့ကျွန်​​တော်​ဒီ​နေ့ နည်းနည်းဖျားချင်​​နေသလိုပဲ။ ထမင်းမစားရင်​​ကောင်းမယ်​ထင်​တယ်​။

အိမ်​တံခါး​တွေပိတ်​ပြီး ကျွန်​​တော်​အပြင်​ထွက်​လာမိတယ်​။ ည​နေ​စောင်းပဲရှိ​သေးတယ်​ ​တော်​​တော်​​အေး​နေတာပဲ။ ထုံးစံအတိုင်းကျွန်​​တော်​အ​နွေးထည်​ဝတ်​မလာမိ​တဲ့အပြင်​ ဝတ်​ထားတာကလဲလက်​ရှည်​မဟုတ်​​တော့ပို​အေး​နေတယ်​။

လမ်းထိပ်​က​ခေါက်​ဆွဲဆိုင်​သွားပြီး​တော့ပဲတစ်​ခုခု​လေးစားလိုက်​​တော့မယ်​။ ပူပူ​နွေး​နွေး​လေးစားပြီး​ချွေး​လေးဘာ​လေးထွက်​လာရင်​​တော့​ကောင်းသွားမှာပါ။

'ရတု........'

ကမ္ဘာ့ အသံပဲ။ လှည့်​ကြည့်​လိုက်​​တော့လဲ အ​သေအချာကိုကမ္ဘာ ပါပဲ။ ခုတ​လော ကျွန်​​တော်​မလာခိုင်းလို့ သူ​ပျောက်​​နေတာကြာပြီ။ တစ်​လနီးပါး​တောင်​ရှိပြီထင်​တယ်​။ သူက တစ်​ကယ်​ကိုစကားနား​ထောင်​တာပဲ။

လုပ်​​နေကြအတိုင်းသူအငြင်​သာဆုံးပြုံးပြပါတယ်​။

'ဘယ်​သွားမလို့လဲ.....'

'လမ်းထိပ်​........'

ခေါက်​ဆွဲဆိုင်​အထိကျွန်​​တော်​​လျောက်​လာ​​တော့ သူလဲ​ဘေးက​နေ ဘာမှမ​ပြောပဲလိုက်​လာတယ်​။ သူကျွန်​​တော့်​ကိုစကား​တွေ​ပြောချင်​​နေတယ်​ဆိုတာ ကျွန်​​တော်​သိပါတယ်​။ သူမ​ပြောပဲ သူ့ကိုယ်​သူထိန်းချုပ်​​နေတယ်​ဆိုတာလဲ ကျွန်​​တော်​သိတယ်​။ သူ​ပြောလဲ ကျွန်​​တော်​ သူ့ကိုဘာမှလုပ်​မ​ပေးနိုင်​ဘူးဆိုတာ သူလဲသိတယ်​။

Holding Hate Loving Him (Myanmar BL) OCTempat cerita menjadi hidup. Temukan sekarang