Zawgyi
Holding Hate Loving Him ep 24
ကျောင်းဝန်းထဲတွင် တီးတိုးစကားသံများပြည့်နေသည်။
မြင်တွေ့နေကြမဟုတ်သောမြင်ကွင်းတစ်ခု။
စိတ်ဝင်စားနေကြသူများ၏မျက်လုံးများကတော့
မှန်ကိုနေထိုးသလိုအရောင်တလတ်လတ်ဖြစ်နေသည်။ထိုမြင်ကွင်းကြောင့် သက်ရှိလူသားတစ်ဦကတော့ အခြားတစ်ယောက်၏ဇီဝိန်ကိုခြွေချင်စိတ်ပါပေါက်နေသည်။
လေအေးအေးနှင့်သစ်ပင်ရိပ်ကြီးကြီးရှိသော်လည်း
သူ့ရင်ထဲမှတောက်လောင်နေသော မီးလိုပူလောင်မှုကိုမအေးစေနိုင်။တင်းနေအောင်စိထားသောအံနှင့် နီမြန်းလာသောမျက်နှာက တရိပ်ရိပ်တက်နေသောဒေါသကိုပိုပြီးပေါ်လွင်စေသည်။
ကျောက်ရုပ်တရုပ်လိုတုတ်တုတ်မျှမလှုပ်ပဲ ရပ်နေသောရမာန်။
နက်ပြာရောင် ရှပ်အကျီ င်္ဆင်တူဝတ်ထားသော သူနှစ်ဦးကို ကြည့်သောအကြည့်များမှာ စူးရဲလှပြီးဒေါသနှင့် အမုန်းတရား ပါရောသည်။
ခုံတန်းလျားတစ်ခုတွင်ထိုင်နေသော ရတု နှင့် ကမ္ဘာ။
ရတု ပုခုံးကို ကမ္ဘာ ဖက်ထားသည်။
အဆိုးဆုံးက ရတုပြုံးနေသောကြောင့်ပင်။
အရှုံးပေးနေတာကို အနိုင်ယူဖို့ပဲသင့်တယ် ရတု။
နင်းခြေဖို့တော့ မသင့်ဘူး။ရမာန် ရတု တို့ရှိရာဆီ သွားလိုက်သည်။
ဘာမပြောညာမပြောဖြင့် ရတုလက်ကိုဆွဲကာခေါ်လာသည်။
'ရမာန်..........ငါ့ကိုလွှတ်.......'
ရတုကိုဆုံးရှုံးနေရပြီး တစ်စစီဝေးကွာသွားသည်ကို လက်မခံနိုင်သော ရမာန် ဘာစကားမှလည်းနားထဲမဝင်တော့။ မျက်ရည်များလည်းမထိန်းနိုင်တော့။
'ငါ့ကိုလွှတ်လို့ပြောနေတယ်............'
'မလွှတ်ဘူး..........မင်းကိုဘယ်တော့မှ လွှတ်မပေးနိုင်ဘူး.........'

ESTÁS LEYENDO
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...