Ep 4

37.9K 3.8K 11
                                    

Zawgyi

Holding Hate Loving Him ep 4

'လာ...ဒီကို.....'

'ရတယ်​....​ပျောက်​သွားပြီ.....'

'ဘာ​ပျောက်​တာလဲ...ဒီမှာကွဲ​နေ​သေးတယ်​....မင်းရုပ်​ကနုနု​လေးဆို​တော့ အမာရွတ်​ဖြစ်​သွားရင်​မလှဘူး.....'

ကျောင်း​ခေါင်း​လောင်းမထိုး​သေးခင်​ ဒဏ်​ရာကို​ဆေး
ထည့်​​ပေး​နေသည်​မှာ​တော့ မသိရင်​အ​တော်​​လေးဂရုစိုက်​သည့်​ပုံစံမျိုး။သို့​သော်​ ဘယ်​သူ့ကိုမှဂရုမစိုက်​တတ်​သည့်​ ရမာန်​ ဤမျှဂရုစိုက်​ခြင်းကိုခံရသည့်​ကျွန်​​တော်​မှာပင်​အလွန်​ကံ​ကောင်းသည်​ဟုဆိုရမလိုပင်​။
ရမာန့်​ကို စိတ်​ဆိုး​ဒေါသထွက်​ရသည့်​အချိန်​များရှိခဲ့
သော်​လည်းဒီလိုဂရုအစိုက်​ခံလိုက်​ရလျှင်​​တော့ ကျွန်​​တော့်​ နှလုံးသားကအရည်​​ပျော်​သွားပြန်​သည်​။

'ငါ့ကိုလည်းထည့်​​ပေး​လေ...မင်းကအလိုက်​ကိုမသိဘူး'

ရမာန်​ က​ဆေးဘူးကိုထိုး​ပေးရင်း ရတု နဖူးကိုလက်​သီး​လေးနှင့်​ထုလိုက်​သည်​။

ရမာန့်​ မျက်​ရိုး နှာ​ခေါင်း နှုတ်​ခမ်း များကို​ဆေးထည့်​​ပေး​နေ​သောကျွန်​​တော်​ ရင်​ခုန်​သံများဆူ​ညံ​နေသည်​ကို​တော့ ကျွန်​​တော်​တစ်​​ယောက်​တည်းသာသိသည်​။
ရင်​ခုန်​လွန်း၍ လက်​များပင်​တုန်​ရီလာသည်​။

'​တော်​ပြီ....မင်းဘာသာထည့်​​တော့....'

ကျွန်​​တော်​ ဆက်​မလုပ်​နိုင်​​တော့
ဒီ​လောက်​မူပျက်​​နေသည်​ကို ရမာန်​ ရိပ်​မိသွားမှာ
ကြောက်​သည်​။

'ပြီး​အောင်​လဲ...မလုပ်​​ပေးဘူး....အိမ်​သာသွားမို့...လိုက်​ဦးမလား.....'

'ဟင့်​အင်း....​'

ထို့​နောက်​ ရမာန်​ လွယ်​အိတ်​ထဲမှတစ်​ခုခုနှိုက်​သွားသည်​ကို​တော့ ရတု ​တွေ့လိုက်​သည်​ ဘာနှိုက်​သွားမှန်းမသိ​သော်​လည်း ရတု​ မ​မေးလိုက်​မိ​တော့။

စာကုန်း​ရေး​နေရင်း ​အ​နောက်​တန်းမှနှစ်​​ကောင်​တွတ်
်​ထိုး​နေသည်​ကိုတစ်​စွန်းတစ်​စကြားလိုက်​သည်​။
ထို့​နောက်​ အ​နောက်​မှလက်​လာတို့သည်​။
အ​နောက်​တွင်​ထိုင်​​သောဤနှစ်​​ကောင်​မှာ ဝယ်​ဖတ်​စရာမလို​သော သတင်းစာပင်​ဖြစ်​သည်​။
တစ်​​ကျောင်းလုံးတွင်​ ဖြစ်​ပျက်​သမျှသတင်းကိုဖြန့်​ဖြုးရန်​သူတို့အားတာဝန်​​ပေးထားသကဲ့သို့ပင်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now