Ep 31

28.4K 2.9K 127
                                    

Zawgyi

Holding Hate Loving Him ep 31

'ရမာန်​.......'

'ရမာန်​.......'

'ရမာန်​....ဘာလုပ်​​နေတာလဲ....ကားစက်​သတ်​​တော့​လေ........'

'ဟမ်​.....​အေး.....​အေး......'

ရတု နှင့်​ပက်​သက်​လျင်​ အမြဲလိုလိုအ​တွေးလွန်​​နေတတ်​​သော ရမာန်​ အခုလဲ​ကျောင်းအထိ​ရောက်​လာပြီးမှ ကားပါကင်​ထိုးပြီးတာ​တောင်​ ကားစက်​ကိုမသတ်​ပဲ​နေ​နေမိသည်​။ ရတု နှင့်​အတူ​ကျောင်းပြန်​တက်​ရန်​လာခဲ့ပြီးမှ ရင်​​တွေတုန်​​နေမိသည်​။

'ရမာန်​.....ငါဒီ​နေ့​အတန်းတက်​ရဦးမှာလားကွာ.....'

ရမာန်​ ကားစက်​ကိုသတ်​ပြီး ရတုမသိ​အောင်​သက်​ပြင်းတစ်​ချက်​ခပ်​မျှင်းမျှင်းချမိသည်​။ ဘယ်​​လောက်​ပဲထွက်​မ​ပြေးဘူး​ပြော​ပြောထွက်​​ပြေးမှာ​ကြောက်​သည်​၊ အရင်​တစ်​ခါလို​ပျောက်​သွားမှာကိုပို​ကြောက်​သည်​။

ထို့​နောက်​​ကျောင်းထဲဝင်​လာ​တော့လည်း ရတု လက်​ကိုမလွှတ်​တမ်းကိုင်​ထားသည်​။ ဘယ်​သူ​တွေဘယ်​လိုကြည့်​ကြည့်​၊ ဘာ​ပြော​ပြောဂရုမစိုက်​ပဲ ရတု လက်​ကိုမြဲမြဲကိုင်​ထားသည်​။ အတန်းထဲသို့​ရောက်​ပြီးအတူဝင်​ထိုင်​လိုက်​ချိန်​တွင်​​တော့ အနည်းငယ်​စိတ်​သက်​သာရရသွားသည်​။

'လက်​ကိုလွှတ်​ဦး....စာအုပ်​ထုတ်​မလို့.....'

'​သြော်​....​အေး......'

ရတု လက်​ကိုအကြာကြီးကိုင်​ထားမိပြီးလုံးပြန်​မလွှတ်​မိ၍ လက်​နှစ်​ဖက်​လုံး​ချွေးများပင်​ထွက်​​နေသည်​။
ဒါ​တောင်​ ယခု ထိမလွှတ်​ချင်​​သေး။ လွှတ်​ရန်​ကိုလည်းရတု သတိပေးမှသာသတိရသည်​။

'စာ​တွေအများကြီးလွတ်​သွားပြီ......အဲ့ဒါမင်း​ကြောင့်​'

'ငါကျူ ရှင်​စုံစမ်းလိုက်​မယ်​.......'

'အင်း......'

ထို့​နောက်​ ရတုကဖတ်​စာအုပ်​ကိုလှန်​ကာ ဖတ်​​နေ​သော်​လည်း ရမာန်​ ခုံ​ပေါ်​မှောက်​အိပ်​ပြီး ရတု ဘက်​သို့မျက်​နှာလှည့်​၍ ရတု ကိုသာထိုင်​ကြည့်​​နေသည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now