Ep 40

24.8K 2.2K 100
                                    

Zawgyi

Holding Hate Loving Him ep 40

တစ်​ကယ်​ကိုပဲစိတ်​အ​နှောက်​အယှက်​ဖြစ်​လိုက်​တာ။ ကျွန်​​တော်​စိတ်​​တွေလဲမတိုချင်​​တော့ဘူး။ တစ်​ကယ်​ငြိမ်းချမ်းချင်​ပြီ။ တစ်​ကယ်​ကို​အေး​အေးချမ်းချမ်း​နေချင်​ပါပြီ။

ပြီးခဲတဲ့ရက်​ပိုင်းအထိလဲ​အေးချမ်း​နေခဲ့တာ။
မနက်​မိုးလင်းရင်​အလုပ်​သွားတယ်​။ တစ်​​နေကုန်​အလုပ်​လုပ်​တယ်​။ အလုပ်​မှာနဲနဲပင်​ပန်းပြီး ခက်​ခဲတာရှိ​ပေမယ့်​ ကျွန်​​တော်​​ပျော်​တယ်​။ အိမ်​​ရောက်​ရင်​ ရဲခန့်​ နဲ့အတူ တစ်​​နေကုန်​ဖြစ်​ပျက်​ခဲ့တာ​လေး​တွေပြန်​​ပြောတယ်​။ ရဲခန့်​က ကျွန်​​တော်​တွယ်​တာရမယ့်​တစ်​ဦးတည်း​သော​သွေးသားပဲ။ ကျွန်​​တော်​ဖြစ်​ပျက်​သမျှအားလုံးကို သူ့ကို​ပြောဖြစ်​တယ်​။ ရမာန့်​ အ​ကြောင်းကလွဲရင်​​ပေါ့။ ရမာန်​ နဲ့ပက်​သက်​ရင်​​ကောင်းတာတစ်​ခုမှမရှိခဲ့လို့အဲ့အ​ကြောင်း​တွေ​တော့မ​ပြောဖြစ်​ဘူး။

ရဲခန့်​နဲ့စကား​ပြောပြီးရင်​ ရုပ်​ရှင်​​လေးဘာ​လေးကြည့်​ ဒါမှမဟုတ်​ ရင်​စာအုပ်​တစ်​အုပ်​​လောက်​ဖတ်​ပြီးအိပ်​တယ်​။ ကျွန်​​တော့်​ဘဝ​လေးတစ်​ကယ်​ကိုငြိမ်းချမ်း​နေပါပြီ။ ရမာန်​ မရှိ​တော့ကတည်းက​ပေါ့။ သူ​ပျောက်​သွားတဲ့ သုံးနှစ်​အတွင်း ကျွန်​​တော့်​ဘဝ​လေးအနည်​ပြန်​ထိုင်​လာခဲ့တာ။

အခု​တော့ ​ပေါ်လာပြန်​ပြီ ကမ္ဘာ။
သူနိုင်​ငံခြားကိုထွက်​သွားတယ်​လို့သတင်းကြားပြီးကတည်းက​သူလဲသူ့ဘဝနဲ့သူရှိ​နေမယ်​ထင်​တာ။ အခု​တော့ကျွန်​​တော့်​​နောက်​ကိုလိုက်​​နေပြန်​ပြီ။

အရင်​ကကျွန်​​တော်​ငယ်​စိတ်​နဲ့သူ့အ​ပေါ်လုပ်​ချင်​တာ​တွေလုပ်​ခဲ့မိတာကိုပဲအပြစ်​တင်​ရမယ်​။ ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​ပဲအပြစ်​တင်​ရမှာ​ပေါ့။ ဒါ​ပေမဲ့ သူတစ်​ကယ်​ချစ်​မိမယ်​လို့မထင်​ခဲ့မိဘူး​လေ။ သူခံစားရဖို့ကိုမရည်​ရွယ်​ခဲ့မိပါဘူး။

အခုလိုစိတ်​နဲ့သာဆိုရင်​ကျွန်​​တော်​နဲ့ရမာန်​ကြားကမ္ဘာ့ ကိုဆွဲသွင်းမှာမဟုတ်​ဘူး။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now