Ep 13

32.4K 3.5K 113
                                    

Zawgyi

Holding Hate Loving Him ep 13

ကျွန်​​တော်​အိမ်​သို့ပြန်​လာ​နေသည်​။သို့​သော်​ဘယ်​အချိန်​မှန်းမသိ။ တစ်​ကိုယ်​လုံးစိုရွှဲ​နေပြီးချမ်း​နေ​သော်​လည်း ရင်​ထဲက​တော့ပူ​လောင်​​နေသည်​။

နာရီကိုတစ်​ချက်​ကြည့်​မိ​တော့ တစ်​နာရီထိုး​လေပြီ။
မိုးကတိတ်​သွားပြီး​လေ​အေး​အေးသာကျန်​ခဲ့သည်​။
တစ်​လှမ်းစီ​လျောက်​​နေရင်း အိမ်​အနီးသို့​ရောက်​​တော့ ခြံ​ရှေ့တွင်​ ​မျှော်​လင့်​မထားသည်​ကို​တွေ့လိုက်​ရသည်​။

ရမာန်​။ ရမာန့်​ကား။
ဒီ​နေ့တစ်​ရက်​တည်းသာစီးရ​သေး​သော်​လည်း ရမာန့်​ကားကိုကျွန်​​တော်​မှတ်​မိသည်​။
ဒီအချိန်​ကြီး ရမာန်​ အိမ်​မပြန်​​သေးတာလား။
ကျွန်​​တော့်​အိမ်​မှာ ဘာလာလုပ်ေ​နတာလဲ။

တစ်​လမ်းလုံး​လေးလံလာ​သောကျွန်​​တော့်​​ခြေလှမ်းများသွက်​သွားရသည်​။ခြံထဲသို့အမြန်​​ပြေးဝင်​သွားမိသည်​။ ခြံထဲတွင်​လမ်း​လျောက်​ကာ​နေ​သောရမာန်​။

အိမ်​ရှိလူများအားလုံးအိပ်​​နေကြပြီး ခြံထဲရှိမီးလုံး​သေး​သေး​လေးသာထွန်းထားသည်​။

ကျွန်​​တော့်​ကို ​တွေ့​တော့ ရမာန်​ ကျွန်​​တော့်​ဆီ​ပြေးလာသည်​။ သူ့မျက်​လုံးတွင်​ထွက်​​နေကြ​ဒေါသများမဟုတ်​ပဲစိုးရိမ်​မှုတို့ကို​တွေ့ရသည်​။

ရမာန်​ သည်​ကျွန်​​တော့်​အတွက်​စိုးရိမ်​တတ်​​သေးသည်​လား။

'ဘယ်​​တွေသွား​နေတာလဲ.....ဒီအချိန်​ထိ....ငါဘယ်​​လောက်​စိတ်​ပူ​နေလဲမင်းသိလား.......'

ကျွန်​​တော့်​လက်​​မောင်းကိုကိုင်​လှုပ်​ကာ​မေး​နေ​သောရမာန့်​ကို ဘယ်လို​ပြန်​​ဖြေရမလဲ​ကျွန်​​တော်​မသိ။

'မင်းဒီမှာဘာလုပ်​​နေတာလဲ.......ဒီကိုဘယ်​လိုလုပ်​.....'

'ည​နေက မင်းကိုအိမ်​ပြန်​ပို့​ပေးဖိုလိုက်​ရှာ​တော့မင်းမရှိဘူး​လေ.....အဲ့ဒါနဲ့...အိမ်​လိုက်​လာတာ.....​ပြော....ဘာလို့ဒီအချိန်​မှပြန်​လာတာလဲ....ဘယ်​​တွေသွား​နေတာလဲ......ဟမ်​.....'

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now