Ep 44

22.1K 2.1K 52
                                    

Zawgyi

Holding Hate Loving Him ep 44

'ရဲခန့်​.......မင်းရပ်​လိုက်​​တော့ အခု......'

တိတ်​ဆိတ်​​နေ​သောမနက်​​စော​စောစီးစီးတွင်​ ရတု၏​အော်​သံမှာ စူးခနဲထွက်​လာသည်​။ အသက်​ကိုခပ်​မြန်​မြန်​ရှု​နေသည်​မှာ ​လေသံတရှုးရှုးပင်​မြည်​​နေ​သော​ကြောင့်​ရတု ​ဒေါသ​တော်​​တော်​​လေးထွက်​​နေသည်​မှာသိသာလှသည်​။

'ရဲခန့်​.......မင်းငါ့စကားနားမ​ထောင်​​တော့ဘူးလား.......'

ရတု စိတ်​ဆိုး​ဒေါသထွ​က်​နေ​သော်​လည်း ရဲခန့်​ ဂရုမစိုက်​ပဲလုပ်​စရာရှိသည်​ကိုလုပ်​​နေသည်​။ အဝတ်​အစား များကို​ခေါက်​ပြီးလွယ်​အိတ်​ထဲသို့အကုန်​ထိုးထည့်​​နေသည်​ကိုမရပ်​။ ​သွေး​အေး​အေးနှင့်​လုပ်​စရာရှိတာကိုမတုန့်​ဆိုင်းပဲလုပ်​​နေ​သော ရဲခန့်​ မှာ ဆုံးဖြတ်​ပြီးသားအရာကိုပြန်​ပြင်​မည့်​ပုံမ​ပေါ်။

'ဟမ်​....​ပြော​လေ........'

'မင်းရဲခန့်​............'

'​ပြောပါ.....ကိုကို.....ဘာ​ပြောမလို့လဲ.....'

တစ်​ကယ်​ကိုခက်​တာပဲ။ ကျွန်​​တော်​​ပေါက်​ကွဲပြ​နေတာ​တောင်​ရဲခန့်​လုပ်​​နေတာကိုရပ်​မသွားဘူး။ ဒီကိစ္စကို ကျွန်​​တော်​ဘယ်​လိုတားရမလဲ။

'မင်းမသွားရဘူး ရဲခန့်​....ငါခွင့်​မပြုနိုင်​ဘူး......'

'ခဏတဖြုတ်​ပဲကို ကိုကိုရာ......ကိုကို ဘာဖြစ်​​နေတာလဲ.......'

ဖြစ်​​နေတာကမင်း​လေ ရဲခန့်​။ တစ်​သက်​လုံးစကားနား​ထောင်​လာတာ ဒီတစ်​ခါလုံးဝကို လုပ်​ချင်​တာလုပ်​​နေတယ်​။

ကျွန်​​တော်​ခရီးကပြန်​လာပြီး တစ်​ပတ်​​လောက်​ကတည်းကသူ သူ့သူငယ်​ချင်း တစ်​​ယောက်​နဲ့ခဏသွား​နေမယ်​လို့​ပြောထားတာ။ အ​ကြောင်းပြချက်​က ​ကျောင်းနဲ့ပိုနီး​တဲ့​နေရာမို့လို့တဲ့။ ဒါ​ပေမယ့်​ သူ​နေမယ့်​သူငယ်​ချင်းဆိုတာဘယ်​သူလဲဆိုတာ သူမ​ပြောလဲသိတယ်​။ အဲ့ဒါ ရမာန်​ပဲဖြစ်​မှာ။

ရမာန်​။ မင်းဘာ​တွေလုပ်​​နေတာလဲ။
ငါ့ဘဝထဲက​နေ ရဲခန့်​ ကိုဆွဲထုတ်​ဖို့ကြိုးစား​နေတာလား။ ငါ့ရဲ့တစ်​ဦးတည်း​သော​သွေးသားကို​လေ။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now