Zawgyi
Holding Hate Loving Him ep 47
ချောင်ထဲတွင်ထိုင်ရသည်ကိုနှစ်သက်လှသောရမာန်
မှောင်ရိပ်ဖုံးသောချောင်တစ်ချောင်ထဲတွင်ထိုင်နေသည်။ နှုတ်ခမ်းတွင်တေ့ထားသောဖန်ပုလင်းလှလှမှနောက်ဆုံးလက်ကျန်ခါးသက်သက်အရည်တို့ကိုကုန်သည်အထိမော့လိုက်သည်။ မျက်ရည်ကျလာသော်လည်းတစ်ချက်ပြုံးသည်။ တစ်ယောက်တည်းအကြိမ်ကြိမ်ရယ်နေမိပြီး တစ်ညလုံးမအိပ်ရသေးသောကြောင့်ခဏလောက်အိပ်ရန်ကြိုးစားသည်။ကျောပြင်မှအေးစက်စက်နံရံကိုရတုရင်ခွင်ဟု ကိုယ့်ကိုယ်ကို လိမ်ပစ်လိုက်သည်။
သို့သော်အိပ်မရသေး...
ထို့နောက်ဝိုးတဝါးဖြစ်နေသောအာရုံထဲတွင်ပုံရိပ်တစ်ချို့ထင်ဟပ်လာသည်။
•••Flashback•••
ကျေုာင်းဖွင့်ရက်ဖြစ်သော်လည်း ဦးလေးဖြစ်သူ၏မွေးနေ့ရှိတာကြောင့် ဖခင်ဖြစ်သူနှင့်အတူ ရမာန်လိုက်ပါလာခဲ့သည်။
ကွန်ကရစ်လမ်းမခင်းရသေးသောကြောင့်နွေမိုးဆောင်း ဥတုသုံးပါးလုံးဤလမ်းထဲတွင်ဗွက်ထနေသည်ဖြစ်ရာ ဤရပ်ကွက်သို့လာရသည်ကို ရမာန် မကြိုက်။
နေ့တိုင်းနေရိပ်ထဲကမထွက် အိမ်ပေါ်ကနေ ကားထဲ ကားထဲကနေကျောင်း ဘာဒုက္ခမှမခံရပဲနေနေရသောကြောင့်လမ်းထဲကားဝင်မရသောဤလမ်းထဲသို့
လမ်းလျောက်လာရသည်ကိုမကြိုက်။ဦးလေး ဖြစ်သူကြောင့်သာလာခြင်းဖြစ်သည်။ဖခင်လက်ကိုဆွဲပြီးနှာခေါင်းတရှုံရှုံဖြင့်လိုက်လာခဲ့သည်။ လမ်းထဲတွင်ဆော့နေကြသောသူများမှာ သူနှင့်ရွယ်တူငါးတန်းလောက်သာရှိမည်။ သို့သော် လမ်းပေါ်ရှိကလေးများအားလုံးမှာညစ်ပက်ပေသလူးနေအောင်ဆော့ထားသောကြောင့် ထိုကလေးများကိုအထူးအဆန်းသတ္တဝါလေးများလိုကြည့်ကာအိမ်ဆီသို့အမြန်ရောက်အောင်လျောက်လာမိတော့သည်။

YOU ARE READING
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...