Ep 7

36.8K 3.7K 89
                                    

Zawgyi

Holding Hate Loving Him ep 7

'ရမာန်​....​တော်​​တော့.......'

'ဟာ....'

'​တော်​တော့​လေကွာ.....'

'​နေပါဦး....'

ခုံတန်းရှည်​ကိုခွထိုင်​ကာ
ရတု ၏ အကျီ င်္အဖြူ တွင်​မှင်​ရာများ​ပေပွ​အောင်​​လျောက်​ဆွဲ​နေ​သောရမာန်​ ၊တားလို့လည်းမရ သူ့ကိုယ်​သူ
ပန်းချီဆရာအလား အကျီ င်္ချုပ်​ရိုး​ကြောင်းအစပ်​တွင်
မှင်​ခပ်​မှိန်​မှိန်​ဖြင့်​ ပန်းကနုတ်​များ​လျောက်​ဆွဲ​နေ​လေသည်​။ ဤသည်​မှာငယ်​စဉ်​ကတည်းကလုပ်​​နေကြအကျင့်​တစ်​ခုဖြစ်​ပြီး ရတု ကိုယ်​တိုင်​လည်းအတင်းမငြင်းဆန်​ပဲလက်​ခံ​သော​ကြောင့်​ ရမာန်​ လုပ်​ချင်​ရာလုပ်​​နေ​လေသည်​။ ​နေ့တိုင်းမဟုတ်​​သော်​လည်း ယ​နေ့
မုန့်​စားလွှတ်​ချိန်​တွင်​ဝယ်​လာသည့်​မုန့်​များ​တောင်
ဘေးချကာထိုင်​ဆွဲ​နေသည်​။

ထုံးစံအတိုင်း ကျွန်​​တော်​ရင်​များခုန်​​နေသည်​။
ရမာန်​ ​ဘေးတွင်​ရှိယုံနှင့်​ပင်​ကျွန်​​တော့်​ရင်​ခုန်​သံများ
အမြဲလိုလိုနိုးထလာရသည်​။
စာကုန်း​ရေး​နေ​သော်​လည်း စာထဲတွင်​စိတ်​များတစ်​ချက်​မှမ​ရောက်​ပါ။ အာရုံကရမာန့်​ထံတွင်​သာ​ရောက်​​နေသည်​။

အကျီ င်္ကိုကိုင်​​နေရင်း ရမာန့်​ လက်​က ရတု ဂုတ်​ပိုးနား​ရောက်​လာသည်​။ အနည်းငယ်​ရှည်​လာ​သော ရတု ဆံပင်​စပ်​နားကိုလက်​က​ရောက်​​နေသည်​။

'မင်းဆံပင်​ရှည်​​နေပြီ...မညှပ်​ဘူးလား...'

'ဟုတ်​လား..​နောက်​​နေ့ညှပ်​မယ်​....'

ရမာန့်လက်​များထိုဆံပင်​များကိုစိတ်​ကြိုက်​ဖွပြီး​နောက်​ လက်​ကလည်​တိုင်​ဆီ​ရောက်​လာသည်​။

'ရတု....'

'အင်း.....'

'ကြီးလာရင်​ ငါနဲ့မင်းဆင်​တူတက်​တူးထိုးမယ်​...
ဒီလည်​ပင်း​မှာ....'

'တက်​တူး....'

'အင်း...ဟုတ်​တယ်​....ငါ.....'

ထိုစဉ်​ အနားသို့ ​ဝေ​ဇော်​ ​ရောက်​လာပြီးအလိုက်​ကမ်းဆိုးမသိစွာနှင့်​ပင်​စကားဝင်​​ပြော​လေ​တော့သည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now