Zawgyi
Holding Hate Loving Him ep 39
''တီ.....တီ.......တီ.....တီ.........တီ....တီ....တီ...တီ.....''
ရတု မျက်လုံးမဖွင့်သေးပဲ မြည်လာသောနှိုးစက်ကို
လှမ်းပိတ်လိုက်သည်။ ထို့နောက် ဆောင်းရာသီ၏မနက်အစောပိုင်းဖြစ်ရာ ပိုအေးသောနေ့လည်းဖြစ်သောကြောင့်အိပ်ရာမထချင်သေး၍ စောင်ကိုဆွဲခြုံလိုက်ပြီးဟိုဖက်ဒီဖက်လူးလှိမ့်နေသည်။အလုပ်သွားရမည်ဖြစ်သော်လည်းအိပ်ချင်နေသေး၍ မထချင်သောကြောင့်တွန့်လိမ်နေသည်။သို့သော် တနင်္လာ နေ့ဖြစ်၍မသွားလို့ကလည်းမဖြစ်သောကြောင့် အတင်းကုန်းရုန်းပြီးထရန်ကြိုးစားရသည်။
ထို့နောက် မျက်လုံးများကိုပွတ်ရင်းအနည်းငယ်ပျင်းကြောဆန့်  ကာထလိုက်ပြီးအခန်းပြင်ထွက်လိုက်တော့
အိမ်ရှေ့ခန်းတွင်သူ ညကဖွထားခဲ့သည့်အရာများကသူ့နေရာနှင့်သူရှင်းလင်းနေသည်။အကျီ င်္ကိုဆွဲချွတ်လိုက်ပြီး ရေချိုးရန်အောက်သို့ဆင်းလိုက်တော့ သူမလျော်ပဲစိမ်ထားသည့်အဝတ်များကလည်းလျော်ပြီး၍တန်းပေါ်တောင်ရောက်နေပြီ။ အေးနေသောဆောင်းကြောင့် ရေချိုးရန်ရေခွက်ကိုင်လိုက်သည်နှင့်အေးပြီးတစ်ချက်တွန့်သွားသည်။
💦💦💦💦💦💦💦💦💦💦💦💦
ရာသီဥတုကလည်းအေးနေသောကြောင့်ရေကိုအမြန်ချိုး၍အိမ်ပေါ်ပြေးတက်လာရတယ်။နာရီကိုကြည့်လိုက်တော့ခြောက်နာရီခွဲ။ ဒီအတိုင်းဆိုမနက်စာစားဖို့တော့အချိန်မရှိတော့ဘူး။ အလုပ်ကိုဒီအတိုင်းပဲပြေးရမှာပဲ။ မဟုတ်ရင်ဟောက်လွန်းတဲ့မန်နေဂျာနဲ့တစ်ကယ်ကိုမလွယ်။ ဒါတောင် ရဲခန့်ကအိမ်ရှင်းတာရော၊ အဝတ်လျော်တာပါလုပ်ပေးသွားလို့တော်သေး။
ဗီဒိုကိုဖွင့်ကြည့်လိုက်တော့ အကျီင်္ိတွေမီးပူတိုက်ဖို့ကျွန်တော်မေ့နေခဲ့တာပဲ။ လျော်ပြီးသားအကျီ င်္ပုံထဲကအဖြူ ရောင်ရှပ်အကျီ င်္တစ်ထည်ကိုဆွဲထုတ်လိုက်တယ်။ ခုနောက်ပိုင်းအလုပ်ချိန်ကပိုများနေတာနဲ့ပဲကိုယ့်ကိုယ်ကိုတောင်သိပ်ဂရုမစိုက်နိုင်ဘူး။ ခေါင်းလျှော်ထားပေမဲ့ကျွန်တော်ဆံပင်ရေစိုကိုတောင်သေချာမသုတ်နိုင်တော့ပဲ အကျီ င်္ကိုမီးပူထိုင်တိုက်နေမိတယ်။ ရဲခန့်တွေ့ရင်တော့ပွစိပွစိပြောဦးမှာ။ အခုတော့သူဈေးသွားဝယ်နေတယ်ထင်တယ်။
YOU ARE READING
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...