Ep 45

23.7K 2.1K 79
                                    

Zawgyi

Holding Hate Loving Him ep 45

ကျွန်​​တော်​မှန်​​ရှေ့မှာရပ်​လိုက်​ရင်း နားသည်​စပ်​က​နေ​မေး​စေ့အထိထွက်​စပြုလာတဲ့ ခပ်​​ရေး​ရေးအ​မွှေး​လေး​တွေကိုရိပ်​ဖို့ပြင်​လိုက်​တယ်​။ ဒီ​နေ့ ရုံးပိတ်​လို့​နေမြင့်​တဲ့အထိကျွန်​​တော်​အိပ်​​ပျော်​သွားတာပဲ။ ဗိုက်​ဆာ​နေ​ပေမယ့်​ ဘာစားရမှန်းမသိသလို စားချင်​စိတ်​လည်းမရှိဘူး။ အရင်​လိုရဲခန့်​မရှိ​တော့ စားချိန်​​ကတစ်​ကယ်​ကိုမမှန်​တာ။ အရမ်းဆာမှသာတစ်​ခုခုကိုကြုံသလိုထစားလိုက်​တယ်​။

ရဲခန့်​။ သူ​ရောအဆင်​​ပြေ​နေလား။ အဆင်​မ​ပြေဘူးလား ကျွန်​​တော်​မသိဘူး။ သူဘယ်​​နေရာမှာ​နေ​နေလဲဆိုတာကို​တောင်​ မ​မေး​တော့တာ။ တစ်​ပတ်​တစ်​ခါ သူကျွန်​​တော့်​ဆီလာ​ပေမယ့်​ ကျွန်​​တော်​စကားလဲမ​ပြောဘူး။ သူက​တော့ အိမ်​​တွေရှင်း လုပ်​စရာရှိတာ​တွေအကုန်​လုပ်​​ပေးပြီးပြန်​သွားတာပဲ။ သူအဆင်​​ပြေသလို​နေပြ​နေ​ပေမယ့်​သူ့ပုံစံက​ပျော်​ရွှင်​​နေတဲ့ပုံ​တော့မ​ပေါက်​ပါဘူး။ ဒါကလည်း ကျွန်​​တော်​မှန်းပြီးသားပါ။ မင်းရမာန်​။ သူက ဘယ်​သူ့ကိုများ​ပျော်​ရွှင်​​အောင်​လုပ်​​ပေးနိုင်​တဲ့​ကောင်​မို့လို့လဲ။ သူကလူ​တိုင်းကိုနာကျင်​​စေတဲ့​ကောင်​။

နောက်​​တော့အသံထွက်​ပြီးမြည်​လာတဲ့ဖုန်းသံ​ကြောင့်​ လုပ်​လက်​စကိုခဏချပြီး ကြည့်​လိုက်​တယ်​။ ကမ္ဘာ့ ဖုန်းပဲ။ သူကျွန်​​တော့်​ဆီမလာတာကြာပြီ။ ကျွန်​​တော့်​စကားနား​ထောင်​ပြီးတစ်​လတစ်​ခါ​လောက်​ပဲလာတာ။

ကမ္ဘာ။ သူက ကျွန်​​တော့်​စကား တစ်​ကယ်​နား​ထောင်​တာ။ ကျွန်​​တော်​မကြိုက်​တာဆိုဘာတစ်​ခုမှမလုပ်​ဘူး။ ရမာန်​ နဲ့တစ်​ကယ်​ကိုကွာတယ်​။ ခက်​တာက ကျွန်​​တော်​သူ့ကိုအခုထိမချစ်​နိုင်​​သေးတာပဲ။ ကျွန်​​တော့်​အ​ပေါ်အဲ့ဒီ့​လောက်​​ကောင်းတဲ့သူကိုဘာလို့ခုချိန်​ထိကျွန်​​တော်​မချစ်​နိုင်​​​သေးလဲစဉ်းစားမရဘူး။

မင်းကိုမုန်းတယ်​ ရမာန်​။ ငါ​နောက်​ထပ်​တစ်​​ယောက်​ကိုထပ်​ပြီးမချစ်​နိုင်​​တော့​လောက်​​အောင်​မင်းကိုချစ်​ခဲ့မိတဲ့အတွက်​မင်းကိုမုန်းတယ်​။

Holding Hate Loving Him (Myanmar BL) OCDove le storie prendono vita. Scoprilo ora