Ep 2

52K 4.4K 43
                                    

Zawgyi

Holding Hate Loving Him ep 2

မုန့်​စားဆင်းချိန်​ ဆရာမအခန်းထဲမှထွက်​သွားသည်​နှင့်​ ​ကျောင်းသားများလည်းထွက်​သွားကြသည်​။

'ရတု....မုန့်​သွားစားမယ်​....'

'​တော်​ပြီ....'

'မင်းမစားဘူးလား...'

'အင်း....'

ရမာန်​ က ကိုင်​ထား​သော ပိုက်​ဆံကိုလွယ်​အိတ်​ထဲပြန်​ထိုးထည့်​လိုက်​ကာ ရတု ​ပေါင်​​ပေါ်သို့လှဲအိပ်​လိုက်​သည်​။

'မင်းသွားမစားဘူးလား.....'

'အင်း......အိပ်​မို့.....'

ခိုးပြုံးရသည်​မှာ ရတု အကျွမ်းကျင်​ဆုံးအလုပ်​တစ်​ခု
အခုလည်းခိုးပြုံး​နေမိသည်​။
စာ​ရေး​နေ​သော်​လည်း နှလုံးခုန်​သံကို ရမာန်​ မကြား​အောင်​ထိန်းထားရသည်​။

'မရ​တော့ဘူး....ငါဗိုက်​ဆာလာပြီ.....'

ရမာန်​ ပြန်​ထလာကာ ပိုက်​ဆံပြန်​နှိုက်​သည်​။

'မင်းတစ်​ကယ်​မလိုက်​ဘူးလား....'

'အင်း.....'

'ဒါဆို...ငါသွားပြီ....'

'​နေဦး....'

ရတု အနည်းငယ်​ပွ​နေ​သော ရမာန့်​ ဆံပင်​တို့ကို
လက်​ဖြင့်​သပ်​​ပေးလိုက်​သည်​။

'ရပြီ.....'

~~~

ရမာန်​ ထွက်​သွား သည်​နှင့်​ ကျွန်​​တော်​စာအုပ်​​ပေါ်တွင်​​ရေး​နေမိသည်​မှာ ရမာန့်​ နာမည်​များသာဖြစ်​​တော့သည်​။
မင်းရမာန်​ ဟူ​သောဤလူသားမှာတစ်​စတစ်​စနှင့်
ကျွန်​​တော့်​ရင်​ထဲတိုးဝင်​လာသည်​မှာအခုဆို အနက်​ရှိုင်းဆုံး​နေရာသို့​တောင်​​ရောက်​ရှိ​နေ​လေပြီ။
ရမာန့်​ ​ကြောင့်​ အချစ်​ဆို​သောဘာသာကိုမသင်​ပဲ
တတ်​​မြောက်​ခဲ့ရသည်​။
ဘာမှမပိုင်​ဆိုင်​​သော ကျွန်​​တော့်​ဘဝတွင်​ ရမာန့်​ ကိုချစ်​​သောနှလုံးသား​လေးကို​တော့ပိုင်​ဆိုင်​ထားသည်​။
တစ်​နှစ်​ပြီးတစ်​နှစ်​သူမသိ​သော ချစ်​ခြင်းတစ်​ခုကို
ခိုးပြီးအသက်​သွင်း​မွေးမြူ လာရသည်​မှာ ​တော့မလွယ်​ကူလှ။
ချစ်​ခွင့်​ရှိမရှိ မသိ​ပေမဲ့ ကျွန်​​တော်​ ရမာန့်​ ကိုချစ်​မိ​နေပြီဖြစ်​သည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now