Zawgyi
Holding Hate Loving Him ep 21
'ရမာန်...........ရမာန်ရေ.......ဟာ.....ဘယ်ရောက်နေပြန်ပြီလဲမသိဘူး.....'
ပြည့်စုံ ရမာန့်ကိုအော်သာခေါ်နေပြီး မရှာနိုင်သေး။
ဝင်ဝင်ချင်းဧည့်ခန်းကတောင်မှောင်နေသည်မို့ တံခါးများအရင်ဖွင့်ရသည်။ ဧည့်ခန်းထဲရှိအလှစိုက်ပန်းအိုးများမှာလဲမလှပ နိုင်တော့ပေ။ တစ်ခန်းလုံး ဖန်ကွဲစများ မြေကြီးများနှင့်အပင်များ ပြန့် ကျဲနေသည်မှာ လမ်းလျောက်စရာနေရာတောင်မရှိသောကြောင့် ထိုအရာများကိုအရင်ရှင်းရသည်။ ပါလာသောစားစရာနှင့်အစာခြောက်များကိုခဏချကာ သန့်ရှင်းရေးအရင်လုပ်လိုက်သည်။ ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက်သွေးစများကိုမြင်ချိန်တွင်တော့ ရင်ထဲတွင်မကောင်း။ထိုတစ်ခန်းကိုရှင်းပြီးချိန်တွင်တော့ ရမာန့်ကိုရှာရသည်။ အခြားအခန်းများကိုမရှင်းနိုင်သေး။အခန်းတိုင်းကိုဖျက်ဆီးချင်တိုင်းဖျက်ဆီးထားသည်မှာတော့ ရစရာမရှိ။ အိမ်က အိမ်နှင့်တောင်မတူတော့ပဲ အပျက်အဆီးများအားလုံးပုံထားသလိုပင်။
'ရမာန်......မင်းဘယ်မှာလဲ.......'
အခန်းထဲဦးစွာကြည့်တော့လဲမရှိ။ ရေချိုးခန်းထဲတွင်လည်းမရှိ။ သို့သော် ရမာန့်ကိုရှာနေရင်းတွေ့လေရာ မှန်စများကိုတော့လိုက်ကောက်လိုက်သည်။
'ရမာန်.........ဟေ့ကောင်....ထူးလေကွာ.....'
ပြည့်စုံစိတ်ညစ်ညစ်နှင့်ကြမ်းပေါ်ထိုင်ချလိုက်သည်။
ရမာန့်ကိုဘယ်လိုကိုင်တွယ်ရမယ်မှန်းမသိတော့။
သူငယ်ချင်း တော်မိသည်ကိုပင် မတော်မိခဲ့ရင်အကောင်းသားဟုတွေးမိသည်။ အဘယ့်ကြောင့်ဆိုသော် တစ်နေ့တစ်နေ့ ရမာန့်ကိုဒေါသလည်းထွက်ရ ၊ သနားလည်းသနားရနှင့်မကြည့်လည်းမကြည့်ရက်တော့သောကြောင့်ဖြစ်သည်။
ီု
ထို့နောက် ပြည့်စုံ မရှာရသေးသောအခန်းများတွင်ဆက်ရှာသည်။

YOU ARE READING
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...