Zawgyi
Holding Hate Loving Him ep 37
'ရတု..........'
ရမာန် အခန်းထဲသို့အမောတကောနှင့်ပြေးဝင်သွားပြီး ရတု ကိုပြေးဖက်လိုက်သည်။
ဘယ်လောက်တောင်ပြေးလာလဲဆိုတာ မျက်နှာနှင့်တစ်ကိုယ်လုံးကချွေးတွေကသက်သေပြနေသည်။
'ရတု........'
ရမာန် ရတု မျက်နှာလေးကိုကိုင်ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံး တစ်ညတည်းနှင့်ချောင်ကျသွားပြီး မျက်လုံးများကဖောင်းအစ်ကာနီရဲနေသည်မို့ သူ့ရင်ထဲတွင်တစ်ချက်ဆို့နင့်သွားသည်။
'ရတု.....မင်းမအိပ်ထားဘူးလား.....တစ်ညလုံး....ဒီအတိုင်းနေနေတာလား.......'
အပိုတွေလုပ်ပြီး ဂရုစိုက်ပြမနေနဲ့ ရမာန်။
တော်သင့်ပြီ။ ဘာလဲ...။ ငါ့ရင်ကိုခွဲရတာမလုံလောက်သေးလို့လား...။'ငါအခု အိပ်ချင်တယ်.......'
'အင်း....ခြောက်နာရီပဲရှိသေးတယ်.....ခဏအိပ်လိုက်ဦး....နော်.....'
ရမာန် ရတုကိုတွဲပြီး အခန်းထဲသို့ခေါ်သွားကာ ကုတင်ပေါ်တွင်အိပ်စေလိုက်သည်။ထို့နောက် ရတုဘေးတွင်ထိုင်လိုက်သောအခါ ရတု ကျောပေး၍တစ်ဖက်သို့လှည့်အိပ်သွားသော်လည်း ဘေးတစ်စောင်းသာမြင်ရသော ရတုမျက်နှာလေးကို ကိုကြည့်နေသည်။
ထို့နောက်ခဏအကြာတွင်ရတုငြိမ်သက်ပြီးအိပ်ပျော်သွားသောအခါ သူပြုံးမိသည်။ ရတု ကိုကြည့်ရင်းပြုံးမိပြီးပျော်လွန်း၍မျက်ရည်များဝဲလာသည်။
❤❤❤❤❤❤❤❤❤❤❤❤
ရတု...
ရတုရေ....
ငါအခုအရမ်းပျော်နေတယ်သိလား...
ငါလေ မင်းကိုပိုင်ဆိုင်ရတော့မယ်ဆိုတဲ့အသိနဲ့တင်ရူးတော့မယ်...ဟာ...မဟုတ်သေးဘူး
ငါမင်းကိုပိုင်တာပဲ...
ဟုတ်တယ် မင်းကငါ့အပိုင်
ငါကလွဲရင်ဘယ်သူမှမပိုင်ဘူး...
ဘယ်သူမှပိုင်ရဘူး
![](https://img.wattpad.com/cover/121209933-288-k485711.jpg)
YOU ARE READING
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...