Ep 48

30.9K 2.2K 67
                                    

Zawgyi

Holding Hate Loving Him ep 48

ကျွန်​​တော်​အသက်​မရှင်​ချင်​​တော့ဘူး။

ဟုတ်​တယ်​။ ဖြစ်​နိုင်​ရင်​ အခုချက်​ချင်း​သေဆုံးသွားချင်​တယ်​။ ကျွန်​​တော်​​သေဆုံးသွားရင်​​ကောင်းမယ်​။

ဟင့်​အင်း။ တစ်​ကယ်​​တော့ကျွန်​​တော့်​ဘဝကြီးက​သေဆုံး​နေပါပြီ။ ရမာန့်​ လက်​ထဲမှာတဖြည်းဖြည်း​သေဆုံး​နေပြီ။

အသက်​ရှု​နေရပေမယ့်​အသက်​ရှင်​​နေတယ်​လို့ကိုမခံစားရတော့တာ။

မနက်​တိုင်း ​နေ့ခင်းတိုင်း ညတိုင်း ကို ကျွန်​​တော်​မုန်းတဲ့ သူနဲ့အတူတူ ဒီအိမ်​ကြီးထဲမှာကုန်​ဆုံးရတဲ့ငရဲကဘာနဲ့မှနှိုင်းမရ​အောင်​ဆိုးရွားလွန်းတယ်​။

မင်းရမာန်​ သူက​တော့​ပျော်​​နေမှာ​ပေါ့။
ကျွန်​​တော်​ထွက်​မ​ပြေးနိုင်​​တော့ဘူး​လေ။ ထွက်​​ပြေးချင်​ရင်​​တောင်​ထွက်​​ပြေးဖို့ခွန်​အား​တွေမရှိ​တော့ဘူး။

ကျွန်​​တော့်​စိတ်​ဓာတ်​​တွေကိုပါဟိုး​အောက်​ဆုံးထိ​ရောက်​​အောင်​ရိုက်​ချိုးလိုက်​တာသူ့အချစ်​လား။

ဒါ​ပေမယ့်​ ကျွန်​​တော့်​အမုန်း​တွေက​တော့မ​ပြောင်းလဲဘူး။ ကျွန်​​တော်​အဆုံးထိမုန်း​နေဦးမှာပဲ။ သူကျွန်​​တော့်​ဘဝကြီးကိုဖျက်​ဆီးလိုက်​တာ..။ သူကျွန်​​တော့်​ကိုဒီလိုဘဝ​ရောက်​​အောင်​လုပ်​လိုက်​တာ ကျွန်​​တော်​ပိုမမုန်းသင့်​ဘူလား။

အခုဆိုကျွန်​​တော်​ဟာ​တော်​​တော်​သနားစရာ​ကောင်းတဲ့ပုံစံဖြစ်​​နေပြီ။ တစ်​ကယ်​လည်းသနားစရာ​ကောင်း​နေသလိုပဲ။ သူထားတဲ့​နေရာမှာ​နေ။ ကျွန်​​တော်​မမြတ်​နိုးတဲ့ ကျွန်​​တော့်​အသက်​ဆက်​ဖို့အတွက်​သူ​ကျွေးတာကိုစား။

မိုးလင်းက​နေ မိုးချုပ်​တဲ့အထိ သူ...သူ...သူ...။

နောက်​ထပ်​ထပ်​ပြီးကျဖို့မကြိုးစားပါနဲ့​တော့ မျက်​ရည်​စတို့​ရေ...မင်းတို့လဲငါ့အတွက်​အသုံးမှမဝင်​ပဲ...။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

မှောင်​​နေ​သော၊ တိတ်​ဆိတ်​​နေ​သော၊ အသံတစ်​စုံတစ်​ရာမရှိပဲအထီးကျန်​ဆန်​မှုများသာ လွှမ်းမိုး​နေ​သောအခန်းထဲတွင်​ထိုင်​​နေ​သော ရတု မျက်​စိ​ရှေ့ရှိနံရံကိုသာအငြိုးရှိသလိုကြည့်​​နေသည်​။ အားအင်​ကင်းမဲ့​နေ​သောခန္ဓာကိုယ်​တွင်​ ​​ဒေါသဖုံး​သောမျက်​လုံးအ​ရောင်
က​တော့တစ်​စက်​မှမ​လျော့။ ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ထားမိ​သောလက်​သီးမှာတစ်​ချက်​မှမ​ပြေ​လျော့။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now