Ep 29

29K 3K 96
                                    

Zawgyi

Holding Hate Loving Him ep 29

'အစ်​ကိုက ရမာန်​လားလို့.......'

'ဟုတ်​တယ်​......မင်းဘယ်​သူလဲ.....ဘာလို့ငါ့အိမ်​ထဲကိုကြည့်​​နေတာလဲ......'

'ဒါဆို ကိုကို့သူငယ်​ချင်း​ပေါ့......'

'ဟမ်​.........'

'ကျွန်​​တော်​က မင်းရဲခန့်​......ကိုကို ရတု ရဲ့ညီ.......
ဒေါ်​ဒေါ် က​ပြောတယ်​ ကိုကိုက သူ့သူငယ်​ချင်းနဲ့သွား​နေတယ်​တဲ့ အခု ကိုကိုနဲ့​တွေ့ချင်​လို့.......ကိုကို့ဆီလာတာ.......'

'သူအခုအိမ်​မှာမရှိဘူး.......'

ရတု၏ ညီဆိုသည်​ကိုကြားသည်​နှင့်​ ရမာန်​ သိပ်​မ​ကျေနပ်​။ ပြီးခဲ့သည့်​အ​ခေါက် ရတု အိမ်​က ထွက်​သွားတုန်းက ဒီ​ကောင်​​လေးဆီသွားခဲ့တာပဲဖြစ်​မည်​ဟု​တွေး​နေမိသည်​။

မျက်​ခုံးထူထူ​အောက်​မှ ​ရှည်​​မျော​မျောမျက်​ဝန်း နှင့်​ ​ရေထိ​ထားသော​ကျောက်​လို အ​ရောင်​တလတ်​လတ်​ဖြစ်​​နေ​သော​မျက်​လုံး​လေးများဖြင့်​ ရဲခန့်​ ကြည့်​​နေသည်​ကိုပင်​ ရမာန်​ အလိုမကျချင်​။

'ပြန်​လာတဲ့အထိ​စောင့်​မယ်​​လေ......ကိုကို ဘယ်​အချိန်​ပြန်​လာမှာလဲ.......'

'မသိဘူး.......'

ရမာန်​ အိမ်​ထဲဝင်​ရန်​လုပ်​​တော့ ရဲခန့်​ ​နောက်​မှလိုက်​မည့်​ဟန်​ပြင်​​သော​ကြောင့်​ ရမာန်​ ဝင်​ခါနီး​ခြေလှမ်းတို့ကိုရပ်​လိုက်​သည်​။

ထွက်​သွား​တော့ဟု မ​ပြောရုံတမယ်​ မလိုလား​သောမျက်​လုံးများဖြင့်​ မျက်​ခုံးနှစ်​ဖက်​ကိုရှုံ့လျက်​ကြည့်​​နေသည်​။

'မင်းကိုဘယ်​သူကဝင်​ခိုင်းလို့်လဲ......'

'ဗျာ.......'

'အိမ်​ထဲကိုမဝင်​နဲ့.....​စောင့်​မယ်​ဆိုအပြင်​က.......'

'ရတယ်​....မာန်​.......မာန်​ မဝင်​​စေချင်​ရင်​ ကျွန်​​တော်​ အပြင်​ကပဲ​စောင့်​လိုက်​မယ်​......'

'ငါ့ကိုအဲ့လိုမ​ခေါ်...........'

အ​ခေါ်အ​ဝေါ်ကိုသ​ဘောမကျ၍ ​ပြောဖို့စကားစရုံရှိ​သေး ​ထို​ကောင်​​လေး အ​နောက်​သို့ဆုတ်​သွားကာ
လွယ်​အိတ်​က​လေးကိုပိုက်​၍ ခြံတံခါး၏​ထောင့်​တွင်​ ရပ်​​စောင့်​​နေသည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now