Zawgyi
Holding Hate Loving Him ep 30
ပတ်ဝန်းကျင်မှာအနည်းငယ်အေးနေသောနေရာ၊
ပုံမှန်အတိုင်းလှုပ်ရှားနေကြသူများနှင့် အမြဲသွားနေကြနေရာဖြစ်သော်လည်း ပုံမှန်မဟုတ်ပဲ ဟိုဒီကြည့် မိနေသူ၊ အသက်ကိုပင်မရဲတရဲရှုကာခြေလှမ်းတို့ကိုရှေ့ဆက်တိုးရင်း ကြောက်နေမိသူမှာ ရမာန်။ဈေးဝယ်စင်တာထဲတွင် ရတု လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်မှာ လမ်းပျောက်မှာကြောက်နေသည့်ကလေးတစ်ယောက်အလား။ အမှန်တော့ လမ်းပျောက်မှာကိုကြောက်နေသည်မဟုတ်။ ရတု ပျောက်သွားမှာကိုကြောက်နေခြင်းဖြစ်သည်။
ရတုတောင်းဆိုလွန်း၍ရတု ကိုအပြင်သို့ခေါ်လာခဲ့ပြီးမှထွက်ပြေးသွားမှာကိုသေမလောက်ကြောက်နေသည်။ အတွေးများ များလွန်း၍ လမ်းလျောက်နေသော်လည်း အရှေ့တွင်လျောက်လာသောသူများကိုမမြင်နိုင်ပဲဝင်တိုက်မိသည်အထိ၊ အေးနေသောအဆောက်အအုံထဲတွင်တစ်ယောက်တည်း ချွေးစေးများပြန်လာသည်အထိ အတွေးများထဲပိတ်လှောင်မိကာကြောက်နေမိသည်။
ရတု လက်ကိုလည်းကိုင်ထားလွန်း၍ နှစ်ယောက်စလုံး၏လက်ဖဝါးများနီမြန်းနေလောက်ပြီ။ ရတု ကိုကြာရှည်စွာ မျက်တောင်မခတ်ပဲကြည့်နေချိန်တွင် ရင်ထဲသို့ ကြောက်စိတ်နှင့်ဝမ်းနည်းမှုကတိုးဝင်လာသောကြောင့် မျက်လွှာတွင်အရည်ကြည်များက တရစ်ရစ်တက်လာသေးသည်။
သို့သော် ရတု ကတော့ အပြင်မထွက်ရတာကြာ၍လားမသိ ပတ်ဝန်းကျင်ရှိအရာများကိုသာစိတ်ဝင်တစားလိုက်ကြည့်လျက်ရှိသည်။ ရတု မျက်နှာလေးကို အရိပ်တကြည့်ကြည့်ဖြင့် လက်ကိုတွဲကာလျောက်လာရင်း အိမ်ပြန်ရန်နာရီကိုကြည့်နေမိသည်မှာလည်းအကြိမ်ပေါင်းမနည်း။ ဖြစ်နိုင်လျှင် ရတုကို
အရုပ်တရုပ်လိုအိမ်ထဲတွင်သာသော့ခတ်ပြီးသိမ်းထားလိုက်ချင်သည်။ ဤသည်မှာတော့ မဆုံးနိုင်သည့်အတ္တများထဲမှတစ်ခု။
YOU ARE READING
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...