Ep 18

31.9K 3.5K 117
                                    

Zawgyi

Holding Hate Loving Him ep 18

ကျွန်​​တော်​​ဆောက်​တည်​ရာမရ​ပြေးထွက်​လာခဲ့ပြီးလူမရှိသည့်​​နေရာတစ်​ခုတွင်​ဘယ်​​လောင်​ကြာမှန်းမသိ​အောင်​ထိုင်​​နေမိသည်​။

အပြစ်​မရှိ​သော​ကျောင်​​ဆောင်​နှင့်​သဲပွင့်​များကိုအားကုန်​ကန်​​နေမိသည်​။
ဒေါသနှင့်​အတူရှက်​စိတ်​များမ​ပျောက်​​သေး။
သွေးများ​ပြောင်းပြန်​စီးသွားသလိုနာကျင်​​နေမှုတို့မ​ပျောက်​​သေး။
အလိုချင်​ဆုံးအရာကိုရမလိုဖြစ်​ပြီးမှပြန်​ပြီးဆွဲထုတ်​ခံလိုက်​ရခြင်း။ အားလုံး၏အ​ရှေ့တွင်​တစ်​​ယောက်​တည်းအရူးတစ်​​ယောက်​လိုဖြစ်​သွားခြင်း။

သို့​သော်​ကျွန်​​တော့်​အချစ်​များကိုအသိအမှတ်​ပြု​ပေးမည့်​သူမရှိခဲ့သလို ကျွန်​​တော့်​မျက်​ရည်​များကိုသုတ်​​ပေးမည့်​သူမရှိပါ။

ကျွန်​​တော်​ထပ်​ပြီးမငိုချင်​​တော့။ ထိုမျက်​ရည်​တို့ကိုလက်​ခုံဖြင့်​ခပ်​ကြမ်းကြမ်းပင်​သုတ်​ပစ်​​လိုက်​သည်​။

အ​ဝေးမှတဖြည်းဖြည်းနီးလာသည့်​​ရေလှိုင်းများကအရာအားလုံးကိုအမှတ်​ရ​စေ၍ ကျွန်​​တော့်​​ဒေါသကိုဆွ​ပေး​နေသလိုပင်​။ ထို​ရေလှိုင်းများအား​နောက်​ဆုံးအကြိမ်​ကြည့်​လိုက်​သည်​။

ကျွန်​​တော်​ဤ​နေရာသို့ဘယ်​​တော့မှ​နောက်​ထပ်​တစ်​​ခေါက်​လာ​တော့မည်​မဟုတ်​။

ကျွန်​​တော်​လှည့်​ထွက်​ခဲ့သည်​။ ဘယ်​ကိုဦးတည်​ရမှန်းမသိ​သော​ခြေလှမ်းများက တစ်​ကယ်​ကိုပင်​ဦးတည်​ချက်​မဲ့ကာ​လျောက်​​နေမိသည်​။

ထိုအိမ်​ကို​တော့​နောက်​တစ်​ကြိမ်​ထပ်​ဝင်​မည်​မဟုတ်​။

ထို့​နောက်​မီး​ရောင်​စုံလင်း​နေ​သော ဟိုတယ်​များ၏အနီးသို့​ရောက်​လာသည်​။ စား​သောက်​ဆိုင်​များထဲတွင်​​ပျော်​​ရွှင်​​နေ​သောသူတို့ကို​ငေးကြည့်​​နေမိသည်​။ ကျွန်​​တော့်​မှာ ထိုကဲ့သို့​ပျော်​ရွှင်​မှုမျိုးဘာ​ကြောင့်​မရှိနိုင်​ရတာလဲ။ ကံတရားကကျွန်​​တော့်​ကိုပဲ​ရွေးပြီးဘာ​ကြောင့်​အမြဲရက်​စက်​ရတာလဲ။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now