Ep 8

35.9K 3.5K 22
                                    

Zawgyi

Holding Hate Loving Him ep 8

အိမ်​သို့ပြန်​ရန်​စက်​ဘီးနင်း​နေ​သောကျွန်​​တော်
အရင်​​နေ့ကထက်​ပို၍ သွက်​လက်​စွာ​နင်း​နေမိသည်​။
ယ​နေ့ ရမာန့်​ အိမ်​တွင်​လိုက်​ပြီးစာလုပ်​ရမည်​ဖြစ်​၍
ကျွန်​​တော့်​ အတွက်​​တော့ကံ​ကောင်းသည့်​​နေ့တစ်​​နေ့ဟုသတ်​မှတ်​သည်​။
ရမာန်​ နှင့်​အတူစာလုပ်​မည်​ ညစာအတူစားမည်​ ရမာန်​ အိပ်​​ပျော်​သွားချိန်​တွင်​ ရမာန့်
မျက်​နှာ​လေးကိုတစိမ့်​စိမ့်​ကြည့်​ပြီး ရမာန်​ အိပ်​​ပျော်​​နေသည့်​ပုံစံကို မှတ်ဥာဏ်​ထဲစွဲမြဲ​နေ​အောင်​မှတ်​ထားမည်​။ ကျွန်​​တော်​ကိုယ့်​အ​တွေးများနှင့်​ကိုယ်​​ပျော်​​နေမိသည်​။ ထို့​နောက်​ ထုံးစံအတိုင်းစက်​ဘီး​နောက်​ခုံမှ
ကျွန်​​တော့်​ ကိုလှမ်းဖက်​ထား​သောလက်​တစ်​စုံ ၊
နှင့်​ ရမာန်​ဝါး​နေ​သောပီ​ကေမှအနံ့သင်းသင်း ၊
စက်​ဘီးကိုတစ်​ချက်​ချိုး​ကွေ့လိုက်​တိုင်းရမာန့်​ဆီမှလွင့်​ပျံလာ​သောကိုယ်​နံ့သင်းသင်း ၊ ထိုအရာများအားလုံးကိုကျွန်​​တော်​နှစ်​သက်​​သော​ကြောင့်​ ပြုံးမိသည်​။

ထို့​နောက်​ ကျွန်​​တော့်​ အိမ်​သို့အရင်​ဝင်​ကာ လိုအပ်​​​သောစာအုပ်​စာတမ်းများယူလိုက်​သည်​။ ကျွန်​​​တော့်
အား​ခေါ်သွားရန်​ အ​ဒေါ်ဖြစ်​သူအား ရမာန်​ ​ပြော​နေသည်​ကို​တွေ့ရသည်​။ အ​ပေါက်​ဆိုးလှ​သော ကျွန်​​တော့်​ အ​ဒေါ်​​သည်​ ရမာန့်ကို​တော့အ​တော်​ကြည်​ဖြူသည်​။ ကျွန်​​တော်​​ပြောလျှင်​​တောင်​ခွင့်​မပြု​သောကိစ္စများကို ရမာန်​ ​ပြောလျှင်​ခွင့်​ပြုသည်​။

ကျွန်​​တော်​နားလည်​ပါသည်​။ တစ်​ခါတစ်​​လေ
ပိုက်​ဆံရှိခြင်းဟူသည်​ ​သွေးသားသံ​ယောဇဉ်​ကို​တောင်​​ကျော်​သွားနိုင်​သည်​မဟုတ်​ပါလား။
သို့​သော်​ ရမာန်​ နှင့်​ပက်​သက်​ပြီးဤကဲ့သို့အ​ကောင်းမြင်​​နေသည်​မှာ​တော့ ကျွန်​​တော့်​အတွက်​ပို​ကောင်းသည်​။

ဤတစ်​ကြိန်​တွင်​​တော့ စက်​ဘီးကို ရမာန်​ နင်းသည်​။
နောက်​ခုံတွင်​ထိုင်​လိုက်​ပြီးချိန်​တွင်​ကျွန်​​တော့်​လက်​များက  ရမာန့်​ ပုခုံးကိုသာဖွဖွ​လေးကိုင်​လိုက်​မိသည်​။
ကျွန်​​တော်​သည်​ ရမာန့်​ကိုချစ်​​နေသူဖြစ်​​သော်​လည်း
ရမာန့်​လို လက်​ရဲဇာတ်​ရဲမနိုင်​လှပါ။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now