Ep 20

34.3K 3.6K 192
                                    

Zawgyi

Holding Hate Loving Him ep 20

'ဝုန်း.......................'

ထူထဲ​သောလိုက်​ကာစနှင့်​ နံရံရိုက်​ခတ်​သံ​ကြောင့်
လန့်​ကာနိုးလာရပြီး ရုတ်​ခြည်းဝင်​​ရောက်​လာ​သော​နေ​ရောင်​စူးစူး​ကြောင့်​ မျက်​လုံးကမခံနိုင်​၍မျက်​စိနှစ်​ဖက်​ကို ဖျစ်​ညှစ်​ကာမှိတ်​ထားလိုက်​သည်​။
သို့​သော်​ ရင်​ကအဆမတန်​ခုန်​၍တုန်​လှုပ်​သွားသည်​။
အဘယ့်​​ကြောင့်​ဆို​သော်​ ညကတည်းက ရမာန့်​ လက်​ကိုကိုင်​ပြီးအိပ်​​ပျော်​သွား​သော ကျွန်​​တော်
ယခုအထိလည်း ရမာန့်​ လက်​များကိုကိုင်​ထားဆဲပင်​ဖြစ်​သည်​။ ဒါဆိုဘယ်​သူလဲ။ ​မှောင်​​နေ​သောအခန်းကို လင်း​စေရန်​လိုက်​ကာစကိုဆွဲဖွင့်​လိုက်​သူမှာ။

'ဒယ်​ဒီ.............'

ကျွန်​​တော့်​ကဲ့သို့ နိုးလာ​သောရမာန်​ မျက်​လုံးအစုံပြူးကျယ်​ပြီး ဦးမင်းမာန်​ ကိုကြည့်​​နေကာ ကျွန်​​တော့်​ထပ်​ပင်​ပိုပြီး တုန်​လှုပ်​သည့်​ပုံစံ​ပေါက်​​နေသည်​။

ဦးမင်းမာန်​ မျက်​နှာမှာလည်းမာထန်​​နေကာ ရမာန့်​ကိုစူးစိုက်​ကြည့်​​နေပြီး လက်​သီးနှစ်​ဖက်​ကိုလည်းဆုပ်​ထားသည်​။

'အကျီ င်္​တွေဝတ်​ပြီး အပြင်​ထွက်​ခဲ့..........'

ဦးမင်းမာန်​ ​အောက်​သို့ဆင်းသွားသည်​နှင့်​ ရမာန်​ ​တွေ့ရာအကျီ င်္တစ်​ထည်​ကိုဆွဲဝတ်​​နေသည်​။လက်​များပါတုန်​ရီ​နေပြီး ကျွန်​​တော့်​ကိုလည်းတစ်​ချက်​မှမကြည့်​။

'ရမာန်​............'

ကျွန်​​တော်​သူ့လက်​​မောင်းကိုကိုင်​မိ​တော့ ကျွန်​​တော့်​ကိုသရဲတစ်​​ကောင်​မြင်​သလိုကြည့်​ကာ လက်​ကိုရုန်းလိုက်​သည်​။ သူ့မျက်​ဝန်းထဲတွင်​​ပြေးလွှား​နေ​သောအ​တွေးများစွာကိုကျွန်​​တော်​မသိနိုင်​​သော်​လည်း ထိုမျက်​ဝန်းများသည်​ ယခုအချိန်​တွင်
သူစိမ်းဆန်​လွန်းလှသည်​ဟုခံစားရသည်​။

'ရမာန်​................'

သူကျွန်​​တော့်​ကိုမကြည့်​ပဲအကျီ င်္ကြယ်​သီးများ သာတပ်​​နေသည်​။
ရင်​ထဲတွင်​စူးကာ​အောင့်​သွား​သော်​လည်း ကျွန်​​တော်​ သူ့ကိုဆက်​​ခေါ်​နေမိသည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now