Ep 12

35K 3.6K 197
                                    

Zawgyi

Holding Hate Loving Him ep 12

အဆက်​မပြတ်​မြည်​​နေ​သောဖုန်းသံသည်​ကျွန်​​တော့်​ရင်​ကိုလာရိုက်​ခတ်​​နေသလိုပင်​။ ရမာန့်​ကိုကြည့်​ရင်း
အသက်​ကိုပင်​မရဲတရဲရှု​နေမိသည်​။ ရမာန့်​မျက်​လုံးက ဖုန်းဆီသို့တစ်​ချက်​​ရောက်​သွားသည်​။

မည်​သူဖုန်း​ခေါ်သည်​ကို ရမာန်​ သိလိမ့်​မည်​။
သို့​သော်​ ရမာန်​ မကိုင်​ပဲ​ရှေ့ကိုကြည့်​ကာ ကားကိုဆက်​​မောင်းနေသည်​။

ဘယ်​သူများပါလိမ့်​။ ​ပေါ်လာ​သောနာမည်​မှာ​တော့ကျွန်​​တော့်​အားအ​တွေးများစွာ​ပေးသည်​။ ဒါ​ပေမဲ့ ရမာန်​ ဘာ​ကြောင့်​မကိုင်​ရသလဲ။ ဖုန်းက တစ်​​ကောပြီးတစ်​​ကော ဝင်​​နေတာ​တောင်​ ရမာန်​ ကားကိုပဲပုံစံမပြတ်​ဆက်​​မောင်းနေသည်​။ ဒါဆို သူ့အတွက်​အ​ရေးမကြီးတဲ့သူလား။ ကျွန်​​တော်​ထင်​သလိုမဟုတ်​ဘူးလား။ ဒါဆို ကျွန်​​တော့်​ ရမာန်​ မ​ပြောင်းလဲ​သေးဘူးလား။ ကျွန်​​တော်​​မျှော်​လင့်​ခွင့်​ရှိ​သေးတာလား။

'ရမာန်​.......'

'အင်း.......'

'မကိုင်​ဘူးလား.......အ​ရေးကြီး​နေတဲ့ပုံပဲ.....အဆက်​မပြတ်​​ခေါ်​နေတာ.......'

ရမာန်​ ကျွန်​​တော့်​ကိုကြည့်​ပြီး နှုတ်​ခမ်း​ထောင့်​စွန်း​လေးအနည်းငယ်​​ကွေးတက်​သွားရုံပြုံးပြသည်​။
ထို့​နောက်​​ခေါင်းခါရင်း​ပြောသည်​။

'အ​ရေးမကြီးပါဘူး.....'

ထို့​နောက်​ ရမာန်​ ကားကိုပဲဆက်​​မောင်း​နေရာ ကျွန်​​တော်​လည်း ကားအပြင်​ကိုကြည့်​​နေမိသည်​။
အ​တွေးများစွာက​တော့မပြတ်​​သေး။

ရမာန်​ ချစ်​သူရှိ​နေတာလားဟု​ကြောက်​စရာအ​တွေးကို​တွေးမိ​သော်​လည်း ကိုယ့်​​ကောင်​မ​လေးဖုန်းသာဆိုလျှင်​ အားရဲ့သားနှင့်​မကိုင်​စရာအ​ကြောင်းမရှိ​။

ကျွန်​​တော်​စိတ်​ကို​လျော့လိုက်​သည်​။
မဟုတ်​​လောက်​။ ရမာန်​ ချစ်​သူရှိ​နေသည်​မှာမဟုတ်​​လောက်​​သေးပါ။ ထို့​နောက်​ကျွန်​​တော်​ထပ်​ဖြည့်​​တွေးလိုက်​သည်​။ ကျွန်​​တော်​က ရမာန်​ နှင့်​အရင်းနှီးဆုံးသူပဲ။ သူသာချစ်​သူထားမယ်​ဆို ကျွန်​​တော့်​ကိုအရင်​​ပြောမှာ​ပေါ့။ ဟုတ်​တယ်​။ ကျွန်​​တော့်​ကိုအသိ​တော့​ပေးမှာပါ။ အခု။ အခု​တော့မရှိ​သေး။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now