Ep 46

23.3K 2.1K 61
                                    

Zawgyi

Holding Hate Loving Him ep 46

ရမာန်​ ကားထဲသို့ဝင်​ထိုင်​လိုက်​ပြီးတံခါးကိုအားကုန်​​ဆောင့်​ပိတ်​လိုက်​သည်​။ အဲယားကွန်း ထဲမှ​လေ​အေး​အေးကတဖြည်းဖြည်းစိမ့်​ထွက်​လာ​သော်​လည်းသူ့ရင်​ထဲတွင်​​တော့ဘယ်​လိုမှမ​အေးမြနိုင်​ပဲ​နေတစ်​စင်း​ပေါက်​ကွဲ​နေသလိုပူ​လောင်​​နေသည်​။

ပုံမှန်​ထက်​အဆမတန်​တုန်​​နေ​သောရင်​​ကြောင့်​အသက်​ကိုပြင်းပြစွာရှု​နေသည်​မှာတစ်​ကိုယ်​လုံးလည်းတဆတ်​ဆန်​တုန်​​နေသည်​။ စပ်​ဖျင်းဖျင်း ဖြစ်​​နေ​သောနှုတ်​ခမ်းကိုကိုင်​ကြည့်​လိုက်​​တော့​သွေးစများကလက်​မတွင်​အထင်းသား။

ထို့​နောက်ခုံတွင်​မှီထိုင်​လိုက်​ပြီး ရတု ရှိရာအရပ်​သို့မျက်​​တောင်​မခတ်​ပဲကြည့်​​နေသည်​။ ​ကော့​ကော့ရှည်​ရှည်​မျက်​​တောင်​​မွှေးများ ဝန်းရံထားသည့်​မျက်​ဆံနက်​များရှိရာမျက်​ဝန်းထဲမှမျက်​ရည်​ကြည်​များက​တော့တဖြည်းဖြည်းပါးပြင်​​ပေါ်သို့လိမ့်​ဆင်းလာသည်​။

ခရမ်းနု​ရောင်​​သွေး​ကြောနှင့်​​သွေး​ကြောအစိမ်းများယှက်​ဖြာ​နေ​သော လက်​ဖျားတို့မှာ​အေးစက်​​​နေပြီး အ​ကြောင်းအရင်းမရှိပဲတုန်​ရီ​နေသည်​။

အသက်​ရှုနှုန်းမမှန်​ခြင်း​ကြောင့်
နှလုံးခုန်​သံမှာလည်း မှန်​တစ်​ချက်​မမှန်​တစ်​ချက်​။

သူမတား​သောမျက်​ရည်​စက်​တို့မှာ​တော့ ကိုက်​ရာထင်း​ပြီး​သွေးစိမ့်​​နေ​သောနှုတ်​ခမ်း​ပေါ်သို့ကူးသန်းဖြတ်​​ပြေး​နေကြသည်​။

ထိုနှုတ်​ခမ်းတစ်​စုံက​သူ့ကို​သွေးထွက်​​စေခဲ့​သော်​လည်း သူ​ပျော်​​နေသလိုရှိသည်​။

ရင်​ဘတ်​ထဲကနာ​နေသည်​ကို ရင်​ခုန်​နေတာဟု ကိုယ့်​ကိုယ်​ကို လိမ်​ပစ်​လိုက်​သည်​။

နာကျင်​ရလွန်း​သော​ကြောင့်​ သူ့ကိုယ်​သူ လိမ်​​နေခြင်းကိုသူနှစ်​သက်​သည်​။

☔☔☔☔☔☔☔☔☔☔☔☔

ရတု...မင်းငါ့ကိုကြိုက်​သ​လောက်​မုန်းလို့ရတယ်​...

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now