Ep 38

23.4K 2.4K 200
                                    

Zawgyi

Holding Hate Loving Him ep 38

နေ့မှညသို့ကူး၍ တစ်​​လောကလုံးကိုအ​မှောင်​ထုကြီးစိုးလာပြီး ကြယ်​များပင်​​ခေါင်းပြူ ၍အစီအရီထွက်​လာရန်​ပြင်​​နေကြပြီ။ ရမာန်​ ထိုင်​​နေရာမှတုပ်​တုပ်​မလှုပ်​​သေး။

ငိုထား​သောမျက်​ဝန်းမှမျက်​ရည်​စီး​ကြောင်းက​ခြောက်​​သွေးသွားလိုက်​ ပြန်​လည်​စွတ်​စိုလာလိုက်​နှက့်​အဖန်​တရာ​ထေ​အောင်​လည်​ပတ်​​နေခြင်းကိုမရပ်​တန့်​နိုင်​။ရပ်​တန့်​ဖို့လဲသတိမရ။

ဘယ်​သူမှမရှိ​သော...
မီးများလင်းထိန်​​နေ​သော...
အေးစက်​​နေ​သော ခန်းမထဲတွင်​တစ်​​ယောက်​တည်းထိုင်​​နေသည်​။

တစ်​စုံတစ်​ရာ ကို​မျှော်​လင့်​တကြီး​စောင့်​စား​နေ​သော၊
အမှန်​တရားကိုလက်​မခံနိုင်​​သေး​သောမျက်​ဝန်းအစုံတို့မှာ နာကျင်​လွန်း၍ ​ဖျော့​တော့လို့နေပြီ။

'ရမာန်​......မိုးချုပ်​ပြီ.....ပြန်​ရ​အောင်​....'

'ငါကဘာလို့ပြန်​ရမှာလဲ.....ပြန်​ချင်​ရင်​ မင်းဘာ့သာပြန်​......'

'ရမာန်​......'

'ငါရတု ကို​စောင့်​ဦးမှာ......'

ရမာန်​ တစ်​ခုခုဖြစ်​မှာကိုစိုးထိတ်​လွန်း၍ ပြည့်​စုံ ကိုယ်​တိုင်​လည်း​ဆောက်​တည်​ရာမရ။ ထို့​နောက်​ ရမာန့်​ ပုခုံးကိုကိုင်​ကာ ဆွဲထူပြီးထ​စေလိုက်​သည်​။

'သူမလာ​တော့ဘူး......ရမာန်​.......'

'မင်းပါးစပ်​ပိတ်​ထားပြည့်​စုံ.....သူလာမှာ.....'

ရမာန်​ ​ဒေါသတို့ကိုပြည့်​စုံဆီပုံချကာ​အော်​ဟစ်​လိုက်​ပြီး ပြည့်​စုံကိုတစ်​ချက်​​ဆောင့်​တွန်းလိုက်​သည်​။

'သူလာမှာကွ...သူလာမှာ.......'

ထို့​နောက်​မနီးမ​ဝေးရှိခုံတစ်​လုံးတွင်​ထိုင်​လိုက်​ပြီးဦး​နှောက်​မရှိသူတစ်​​ယောက်​လို မျက်​နှာ​သေနှင့်​နံရံကိုသာကြည့်​​နေသည်​။

💔💔💔💔💔💔💔💔💔💔💔💔

ရတု...
မင်းလာမှာမလား...
ဟုတ်​တယ်​ မင်းလာမှာပါ...
ငါ​စောင့်​​နေမယ်​​လေ...
မင်းနဲနဲ​နောက်​ကျ​နေတာပါ...
မင်းလာမှာ...။

Holding Hate Loving Him (Myanmar BL) OCTempat cerita menjadi hidup. Temukan sekarang