Zawgyi
Holding Hate Loving Him ep 34
ယမန်နေ့ကချစ်ရသူနှင့်အတူအပြုံးများနှင့်အိပ်စက်ခဲ့ရသောကြောင့်နိုးထလာရသောမနက်ခင်းလေးမှာလည်း အပြုံးများနှင့်ပင်စတင်ပြီးပျော်ရွှင်စရာကောင်းလှသည်။ နေပင်မထွက်သေးသော မနက်ခင်းလေးမှာ အနည်းငယ်အေးကာနေလို့ကောင်းနေပြီး ငှက်သံလေးတစ်စနှစ်စက တိတ်ဆိတ်နေသောမနက်ခင်း ကိုအဖော်ပြုပေးလျက်ရှိသည်။
အိပ်ပျော်နေသော ရတု ကိုကြည့်ရင်း ရတု နှင့်နီးကပ်သွားအောင် ရမာန် တိုးလိုက်သည်။ ထို့နောက် ရတု ၏ မျက်နှာအစိတ်အပိုင်းလှလှကလေးတို့ကို ဘယ်တုန်းကမှမမြင်ဖူးခဲ့သလိုမျိုး အသေအချာကြည့်နေသည်။ ရတု ကိုအမှန်ပင်ငုံထားမတတ်ချစ်သောကြောင့် တစ်နေ့လုံးတစ်ညလုံး အတူ ရှိနေရတာတောင် သူ့အာသီသတို့သည်ဘယ်တော့မှမပြေနိင်။ သူတစ်ယောက်တည်းအပြည့်အဝ ချစ်နေရတာတောင် ထပ်ချစ်ချင်နေပြီး သူတစ်ယောက်တည်းပိုင်ဆိုင်နေရတာတောင်ထပ်၍ ပိုင်ဆိုင်ချင်သေးသည်။ ဤသည်မှာ ချစ်ရသူနှင့်ပက်သက်သောအဖြူစင်ဆုံးလောဘများ။
ထို့နောက် ဝင်သက် ထွက်သက်မှန်မှန်ကလေးဖြင့်အိပ်ပျော်နေသောချစ်ရသူကိုကြည့်မဝနိုင်သောကြောင့် လက်ချောင်းကလေးများက ထိုမျက်နှာလှလှကလေးအပေါ်အလိုအလျေုာက်ရောက်သွားသည်။
မျက်တောင်နက်နက်ကလေးများတည်ရှိနေရာမျက်ခွံလှလှ မို့မို့ဖောင်းဖောင်းလေးကိုအသာထိသည်။
ပြေဆင်းလာသောနှာတံသွယ်သွယ်တစ်လျောက်ကို လက်ညိုးလေးဖြင့်မထိတထိကိုင်လာသည်။ ထို့နောက် ပန်းသွေးရောင်ယှက်ပြေးနေသော နှုတ်ခမ်းတစ်စုံကိုတော့ ပိုင်ရှင်မသိပါပဲ တစ်ချက်ခိုးယူဖိနမ်းလိုက်သည်။💓💓💓
ဒါမင်းအိပ်နေတုန်း နှစ်ဆယ့်ကိုးကြိမ်မြောက်ခိုးနမ်းခြင်းပဲ ရတု...
နောက်ဆိုရင်တော့ ခိုးနမ်းစရာမလိုတော့ဘူးလို့ ငါမျှော်လင့်ရတာပဲ...
ငါတို့အတူနိုးထမယ့်မနက်ခင်းတိုင်းမှာ မင်းကိုငါ့အနမ်းတွေနဲ့ နှိုးမယ်လေ...
YOU ARE READING
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...