Zawgyi
Holding Hate Loving Him ep 14
ကျွန်တော်နိုးလာတော့ အတော်စောနေသေးသည်။ရမာန် မနိုးသေး။ မနေ့ကအဖြစ်အပျက်များကိုအိပ်မက်လားဟုတောင်ကျွန်တော်ထင်မိသည်။
ဘာပဲဖြစ်ဖြစ် ရမာန့်ဘေးတွင်ဘယ်သူမှမရှိသေး။
ရမာန့် ရင်ထဲတွင်ကျွန်တော်မရှိတောင်တခြားသူတစ်ယောက်ရှိမနေခြင်းကိုပဲကျေနပ်မိသည်။ထို့နောက် မနက်စာကိုဆိုင်တစ်ဆိုင်တွင်သွားစားသည်။ ကျွန်တော်ဘာကြိုက်တတ်သည်ကိုလဲရမာန်မမေ့။ ရေငှဲ့ပေးတာကအစ တစ်ရှုးယူပေးတာအဆုံး
ဂရုစိုက်နေသော ရမာန့်ကို ကျွန်တော် နောက်တစ်ကြိမ်မကျရှုံးပဲဘယ်လိုနေနိုင်မှာပါလဲ။မှန်သည်။
အမှတ်မရှိဘူးပဲပြောပြော။
မိုက်မဲလွန်းသည်ပဲပြောပြော။
ကျွန်တော့် ရမာန့် ကိုချစ်မိနေတုန်းပဲဖြစ်သည်။
တစ်နေ့ကလေးတောင်မုန်းမရအောင်ချစ်မိနေတုန်းပဲဖြစ်သည်။ခန့်မှန်းမရသော သူ့အပြုအမူများက ကျွန်တော့်ကိုအကြိမ်ကြိမ် နာကျင်စေတာတောင် ကျွန်တော်ချစ်သောသူမှာ ဤလူသား ရမာန် သာဖြစ်သည်။
သို့သော် သေချာစဉ်းစားကြည့်လျှင် ရမာန်သည် နဂိုကတည်းက အေးစက်ပြီးအကြင်နာတရားမဲ့သောသူမျိုး။ သူ့ထံမှနွေးထွေးမှုများ ၊ ဂရုစိုက်မှုများကို ရသောသူမှာ ကျွန်တော်တစ်ဦးတည်းသာဖြစ်သည်။
သို့သော် ဆိုးရွားသည်က ရမာန်သည်
သူပေးသော ကြင်နာမှုများနှင့် မမျှအောင် နာကျင်စရာများပေးတတ်သည်။ တစ်ကြိမ်ပျော်
အောင်လုပ်ပေးပြီးလျှင် ဆယ်ကြိမ်ငိုရသည်။
သို့သော် ကျွန်တော်.....ကျွန်တော်.......တော်ပါပြီ ကျွန်တော်ဆက်မတွေးသင့်တော့ပါ။
ဆက်တွေးလည်းကျွန်တော်ပဲနာကျင်ရဦးမည်ဖြစ်သည်။📲📲📲 အဆက်မပြတ် မည်နေသောဖုန်းကိုရမာန်မကိုင်။ ဖုန်းခေါ်နေသောလူတောင်လက်ညောင်းလောက်ပြီ ရမာန် မကိုင်။

YOU ARE READING
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...