Chapter (3)

312 29 0
                                    

Ganeung_dong မြို့လေးရဲ့ တစ်စိတ်တစ်နေရာ...
ဆေးသားရောင်စုံခြယ်မှုန်းထားသလို အရောင်စုံလင်လှတဲ့ ပန်းခင်းလေးတွေနဲ့ အိမ်ရှေ့မျက်နှာစာ..

အဝါရောင် ပန်းပွင့်လေးတွေ
ဖွေးဖွေးလှုပ်နေသော သစ်ပင်အောက်မှာ သိုးမွှေးထိုးနေတဲ့ အရွယ်လတ် မိန်းမတစ်ယောက်က အိမ်ထဲကိုလှမ်းမျှော်ရင်း အော်ပြောလိုက်၏။

"သားရေ... jjaeni လေး
ကျောင်းသွားဖို့ပြင်တော့နော် နောက်ကျတော့မယ်"

"ပြီးပြီ omma ရေ" အောင်မြင်လှသော အသံပါဝါဖြင့်အိမ်ထဲမှအော်ပြောလိုက်၏။

"အမယ်လေး ငါ့သားအသံအောင်ချက်ကတော့" ဟုဆိုကာ ပီတိဖြာသောအပြုံးဖြင့် ထိုးလက်စ သိုးမွှေးကိုသာ ဆက်ထိုးနေလိုက်သည်။

ထိုစဉ် အိမ်ထဲမှ ကျောပိုးအိတ်လေးဖိုသီဖတ်သီဖြင့် ဝရုန်းသုန်းကားပြေးထွက်လာသော Jae Hwan က

"Omma ရေ သား ညနေမှ အထုတ်အပိုးတွေလာယူမယ်နော်။ အဆောင်က အခန်း ရ မရ မသေချာဘူးတဲ့ မရတော့လဲ ဒီလိုပဲ အသွားအပြန်လုပ်ရမှာပေါ့ အမေရယ်"

"ရအောင်တော့ ကြိုးစားခဲ့ပါသားရယ်..နေ့တိုင်း ဒီလို အသွားအပြန်လုပ်ရရင် ပင်ပန်းရချေရဲ့ ..ပြီးတော့မှာရဦးမယ် မင်းဝါသနာပါတယ်ဆိုလို့ အမေ ဒီကျောင်းကိုတက်ဖို့ ခွင့်ပြုပေးထားတာနော် တခြား ဘာပြဿာနာတွေမှ မကြားချင်ဘူး။
တက်တာ ၁ လနောက်ကျလို့ သူငယ်ချင်းတွေနဲ့ သဟ ဇာတ မဖြစ်လဲ စိတ်ညစ်မနေနဲ့ဦး"

"စိတ်ချလက်ချသာ နေပါ omma ရယ် ဘာမှ မဖြစ်ပါဘူး ကျွန်တော် Kim Jae Hwan ပါ"

"ဟိတ် ကောင်လေး ဘယ်က Kim Jae Hwan လဲ ပြောတာဆိုတာ သတိထားစမ်း Park Jae Hwan ဖြစ်သွားပြီဆိုတာ မမေ့နဲ့"

ပြောလဲ ပြော ကျောကို လဲ ဗျင်းခနဲ ချလိုက်လေသည်။

"အမယ်လေး သေပါပြီဗျ..အမေရေ ကားလာပြီ သွားပြီနော် " ဟုဆိုကာ အမေ့လက်ဝါးစာ ထပ်မမိရေးအတွက် Jaehwan တစ်ယောက် သုတ်ခြေတင်ပြေးခဲ့ပါတော့သည်။
×××

"ဟူး...အမလေး မောလိုက်တာ"
ဘတ်စ်ကားပေါ်ရောက်မှ အမောဖြေရတော့သည်။
လူကအမောပြေသော်လည်း စိတ်ကအမောမပြေနိုင်။

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now