" jjaeni ကျောင်းဆင်းရင် Rina noona က သူ့ဆီ ခဏလာခဲ့ဦးတဲ့ "
MH က သူ့ရှေ့မှာ စွပ်ပြုတ်သောက်နေသော JH ကိုပြောလိုက်၏။
" Rina noona... ဩော် ... အဆောင်ပိုင်ရှင်အမကြီးလား..."
" အင်း ..ဘာလို့လဲတော့ hyung မသိဘူး "
" အင်း...ဒီနေ့ပြီးရင် jiwoo နဲ့ စောင့်နေမယ်လေ "
MH စားမယ်ပြင်လိုက်ရင်းနင်သွား၏။
" ဘာလို့ jiwoo နဲ့လဲ တစ်ယောက်တည်းစောင့်လဲရတာပဲကို "
" တစ်ယောက်တည်းပျင်းစရာကြီး hyung ကလဲ.. သူနဲ့ဆိုပျော်စရာကြီး...ရယ်စရာတွေလဲပြောတယ်...ဂိမ်းလဲဆော့လို့ရတယ် "
"မစောင့်နဲ့ ...ဒါဆို hyung နောက်အချိန်မတက်တော့ဘူး... တန်းလာခဲ့မယ် မင်းအခန်းကို "
" အာာာ....အတန်းမတက်ရင် စာတွေသိမှာမဟုတ်ဘူး...စောင့်နေမယ် အတန်းတက် "
" ဒါဆို jiwoo နဲ့မစောင့်နဲ့ကွာ "
" သူက ဘာဖြစ်လို့လဲ hyung ကလဲ "
" မသိဘူး...စိတ်မချဘူး... jiwoo က ကလေးနဲ့ဆို တမျိုးပဲ...သူနဲ့အတူမစောင့်ပါနဲ့ကွာနော် "
MH က စွပ်ပြုတ်ကိုဆက်မသောက်တော့ပဲ တောင်းဆိုနေတော့၏။
" ဟုတ်ပါပြီ....မစောင့်တော့ပါဘူး....ထမင်းသာဆက်စားပါ "
JH က ဇွန်းနဲ့ခပ်ကာ MH နှုတ်ခမ်းနားကိုတေ့ပေးလိုက်၏။
MH က လဲ အားရပါးရ စားလိုက်ပါသည်။
ဤ ကြည်နူးဖွယ်ရာမြင်ကွင်းကို မြင်လိုက်သူက DY...
မြင်လိုက်သည်ဆိုသည်မှာလည်း မထင်မှတ်ဘဲ တွေ့လိုက်ရခြင်းမဟုတ်....အနောက်က တကောက်ကောက် လိုက် stalk နေခြင်းကြောင့်သာ...
" သူတို့နှစ်ယောက်က တစ်ခုခုတော့တစ်ခုခုပဲ..."
××××××
JH အတန်းကအရင်ပြီးသွားသဖြင့် အဆောင်အောက်က ထိုင်ခုံတွင် game ဆော့ရင်း MH ကိုထိုင်စောင့်နေလိုက်သည်။
Jiwoo ကစောင့်ပေးမယ်လေဟုပြောသော်လည်း သူ့မှာ အတင်းအကျပ်ကို ပြန်လွှတ်လိုက်ရသည်။
အခုတော့ အောက်ထပ်မှာသူတစ်ယောက်တည်း...
ကျောင်းသားတိုင်းကလည်း ပြန်သွားကြသည်သာ....
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanficမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...