နေရောင်ခြည်နွေးနွေးက ပြတင်းပေါက်ကနေ လိုက်ကာကို ဖြတ်၍ Minhyun ၏ မျက်နှာပေါ်ကို ကျရောက်လာသည်။
မျက်လုံးအနည်းငယ်စူးသွားသဖြင့် သူအိပ်ရာမှနိုးလာကာ ဖွင့်ကြည့်လိုက်မိသည်။
ပထမဆုံးကြည့်မိသည့်အရာက Jaehwan
" ဟင်... " Jaehwan ကိုသူမတွေ့။
" ဘယ်ရောက်သွားတာလဲဟ... Jjaeni ရေ " သူဆိုဖာပေါ်ကထပြီး အကြောဆန့်ရင်း ခေါ်လိုက်သည်။
တစ်ညလုံး ကွေးကောက်ပြီး အိပ်ထားရသဖြင့် ဆန့်လို့ကောင်းလိုက်သည့်အကြော။
ရုတ်တရက်နာရီကိုမော့ကြည့်မိတော့ * ၈နာရီ*
" shit... ၈နာရီတောင်ရှိပြီလား ...ဒုက္ခပဲ ကျောင်းမမီတော့ဘူး... " MH ပြာယာခတ်သွားပြီး အနွေးထည်ကောက်ဆွဲ လွယ်အိတ်ကောက်လွယ်ဖို့လုပ်လိုက်စဉ်
" ဩော် ဒီနေ့ ပိတ်ရက်ပဲ ...ငါလဲ ရူးပြီထင်ပါတယ် " တစ်ယောက်တည်း ပြုံးပြုံးကြီးပြောလိုက်သည်။
"ဒါနဲ့ ဟိုကလေးလေး ဘယ်ရောက်နေတာလဲ ရေချိုးခန်းထဲမှာလဲ မရှိဘူး..အပြင်သွားရငွး ချော်များလဲနေလား မသိဘူး...ဖုန်းဆက်ကြည့်ဦးမှ "
" I.P.U ringtone "
" ဟာ ဖုန်းလဲ ထားခဲ့တယ်....ငါ့ကိုစိတ်ပူအောင်လာလုပ်နေတယ်...တစ်ခုခုများဖြစ်နေပြီလားမသိဘူး " MH စိတ်ပူစွာဖြင့် အခန်းထဲကထွက်မည် စဉ်းစားပြီး တံခါးဆွဲအဖွင့်..
အပြင်က Jaehwan ကလဲ တံခါးဆွဲတွန်းမည်အလုပ်...
၂ယောက်နား တံခါးဝမှာ ဖက်မိတော့မတတ်နီးကပ်လျက်ရှိ၏။
JH ကသူ့ကိုမော့ကြည့်လျက် MHက တော့ သူ့ကို ငုံကြည့်လျက်.... စက္ကန့်အနည်းငယ်အကြာ..
" မင်းဘယ်ရောက်နေတာလဲ ...စိတ်ပူသွားတာပဲ ..ဖုန်းလဲထားခဲ့တယ်..စာလေးဘာလေးလဲ မရေးခဲ့ဘူး...တစ်နေရာရာသွားမယ်ဆိုလဲ Hyung ကိုနှိုးလေ.. ဘာလို့တစ်ယောက်တည်းသွားတာလဲ "
ထူးထူးဆန်းဆန်းအခြေအနေကြီးကို ဖြတ်ကျော်ဖို့သူ စိတ်ဆိုးဟန်ဆောင်ကာ အသံမာမာဖြင့် နေရာဖယ်ပေးရင်း ပြောလိုက်သည်။
" ဆောရီး.. hyung.. ဒီမှာ ဒါသွားခွာတာ ဆရာဝန်ခေါ်လို့.." သူ ခြေထောက်ကို ပြရင်း ပြောလိုက်သည်။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...