အချိန်ကလဲ ၆နာရီထိုးတော့မည်ဖြစ်သဖြင့် လောကကြီးတစ်ခုလုံးကမှောင်နေပြီ။
လွန်ခဲ့သော ၂၄နှစ်တာကာလ လုံး သူ့ရဲ့ ဘဝ မှာ နေအဝင် လအမှောင်နဲ့အတူ အိပ်တန်းတက်ခဲ့ရသည်။
ပြန်တွေ့မည် မတွေးဘူး အဖြေရေရေရာရာမရှိသော ပုစ္ဆာတစ်ပုဒ်ကို အပင်ပန်းခံ တွက်နေခဲ့သည်။
အခုတော့ ..အားလုံးက မိုးရွာပြီးစ ကောင်းကင်ကြီးလို ပြာလဲ့ ရှင်းလင်းနေပြီ။
သူသိပ်တန်ဖိုးထားရပါသော သူတစ်ယောက်ကို ပြန်ရှာတွေ့ခဲ့ပြီ။
အတွေးများစွာ တွေးရင်း ခေါက်ဆွဲ ဘူးထဲကို ရေနွေးများလောင်းထည့်လိုက်သည်။
" hyung .." ရေချိုးခန်းထဲမှ JH ၏ ခေါ်သံ
" ဘာလဲ Jjaeni " သူ ပြာပြာသလဲ မေးလိုက်မိသည်။
" အဝတ်လဲဖို့ တစ်စုံလောက် ပစ်ပေးပါလား " တံခါးကိုမှီရင်း သူပြောနေသည်။
" ရော့..." MH သွားပေးလိုက်သည်။ ဆက်၍
" ကိုယ့်ဘာသာကိုယ် ဝတ်လို့အဆင်ပြေပါ့မလား.. ခြေထောက်ကရော..."
"ရပါတယ် ...မရရလဲ ရအောင်ဝတ်မယ် သွားတော့ " သူ အဝတ်တွေယူပြီး တံခါးကို ဝုန်းခနဲပိတ်လိုက်သည်။
MH ရယ်ရင်းနဲ့ပင် ခေါက်ဆွဲဘူးများကို စားပွဲပေါ်တင်လိုက်သည်။
" ကလေးလေး ...သူကပဲရှက်နေသေးတယ်.. တစ်ခန်းထဲ နေနေတာဖြင့် ကြာပြီ ... သူရှက်သွားတိုင်း ချစ်ဖို့ကောင်းနေတာဘယ်လိုလုပ်ရပါ့မလဲ"
ထိုင်ခုံပေါ်မှာ ထိုင်လျက် ရေချိုးခန်းဘက်ကို မေးထောက်ကာ စောင့်ကြည့်နေမိသည်။
××
အဝတ်အစား လဲပြီးပြီ။ ဘောင်းဘီကို ခက်ခက် ခဲခဲ ဝတ်ခဲ့ရသော်လည်း အဆင်ပြေသွားခဲ့သည်။
"တော်သေးတာပေါ့...ဝတ်လို့ရလို့..မရရင် ငါတော့ အမလေး.."
သူတံခါးကိုဖွင့်လိုက်ပြီး အပြင်ကိုအကြည့်
သူ့ကို စိုက်ကြည့်နေသော MH ကိုတွေ့လိုက်ရသည်။ရင်ထဲ ဒိန်းခနဲဖြစ်သွားတာတော့အမှန်ပင်။
အကြည့်မြန်မြန်လွှဲလိုက်ပြီး တံခါးကိုပိတ်ကာ စားပွဲဆီ လာလိုက်သည်။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...