Chapter (8)

180 27 0
                                    

Jae Hwan တစ်ယောက် ဖုန်းချပြီးတာတောင် အူကြောင်ကြောင်ဖြစ်နေတုန်း။

Minhyun ထို မျက်နှာကိုမြင်သွားသည်ထင်ပါ၏။

"Jae Hwan မင်းဘာဖြစ်..."
~~~ phone vibrates~~~

" ဟယ်လို အေး Ji Hyun ပြော"
" ဘာ...ဩော် အေးအေး သိပြီ "

MH လဲ ဖုန်းချပြီး အူကြောင်ကြောင်ဖြစ်သွားသည်။

"ကျနော် ဘာလို့ ဒီလိုဖြစ်နေလဲ သိပြီ မို့လား" JH ရယ်ကာပြောလိုက်သည်။

" အေး ငါသိပြီ။ တကယ်လဲ လန့်စရာပဲကိုးကွ ...ဒါနဲ့ Da Young ဆိုတာ ငါတို့ မေဂျာက ဟိုကောင်မလေး ပဲ"

" အင်း..ဟုတ်တယ် "

" ဒါပေမယ့် ပွဲက ၁လခွဲတောင်လိုသေးတာပဲ ဒီအတောအတွင်း အေးအေးဆေးဆေး လေ့ကျင့်လို့ရတယ် ပိုကောင်းတာက မင်းနဲ့ငါက အတူတူနေတာဆိုတော့ ကိစ္စမရှိဘူး"

" အင်း..တော်သေးတယ်ပဲပြောရမှာပေါ့ "

JH တစ်ယောက် ရေးလက်စ စာအုပ်ကိုပိတ်လိုက်ပြီး..
"ရော့ ....အကုန်ကူးပြီးပြီ ..gomawo "

" မြန်လိုက်တာ နားရောလည်ရဲ့လား " စာအုပ်ကို ယူလိုက်ရင်းပြောလိုက်သည်။

မော့မကြည့်ဘဲ ယူလိုက်သည့်အတွက် MH က JH လက်ကို ကိုင်လျက်သားဖြစ်သွားလေသည်။

JH ရော MH ပါ ဘာလုပ်ရမှန်းမသိတော့ဘဲ ဟိုကြည့်ဒီကြည့်တွေဖြစ်ကုန်ကြကာ...

"ရော့...ဒီ..ဒီမှာ စာအုပ်နော် ကျနော် သွားတော့မယ်..နောက်တစ်ချိန် နီးလာပြီ "
JH ကမန်းကတန်း ထသွားလိုက်သည်။

အတွေးများနဲ့ကျန်ခဲ့သူကတော့ minhyun..

" ဒီ Park JaeHwan က Kim Jae Hwan နဲ့ တော်တော် တူတာပဲ...မဟုတ်မှလွဲရော...သူများလား"

" သူပဲထားပါတော့ ဘာလို့ ငါ့ကိုမမှတ်မိရတာလဲ...ငယ်လို့များ မမှတ်မိတာလား...ဘာလို့ရော ငါနဲ့ အသက်လာတူနေရတာလဲ?? "

" ငါစုံစမ်းမှဖြစ်မယ်..မဟုတ်ရင် ငါရူးသွားတော့မယ်ထင်တယ်..ဘာလို့ သူ့ကို Jjaeniလေးလို့ပဲ မျက်လုံးထဲမှာ မြင် မြင်နေရတာလဲ "

စိတ်ရှုပ်စွာဖြင့် ခေါင်းငုံကာ လက်ဖြင့်ကုတ်နေမိတော့သည်။

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now