Jaehwan တစ်ယောက် locker ဆီသို့ ဦးတည်နေပါသော်လည်း Minhyun ကလဲ သူ့နောက်မှ တောက်လျှောက်လိုက်နေသည်။
ထို့နောက် စိတ်မရှည်တော့ပဲ..
" Hyung...ကျနော် locker ထဲ စာအုပ်သွားထည့်ဦးမယ် ..အရင်သွားတော့"
" ငါလဲ locker ဆီသွားနေတာပဲလေ ဘာလဲ မင်းနောက်လိုက်နေတယ်ထင်လို့လား"
JH ရှက်သွားပြီး..." ထင်စရာလား " ဟုသာ ခပ်ပြတ်ပြတ်ပြန်ပြောခဲ့သည်။
NO.250
JH သူ့ locker ကိုဖွင့်ပြီး စာအုပ်တွေထည့်သည်။
လိုအပ်တာကိုယူပြီး locker ပြန်အပိတ်..MH က လဲ သူ့ locker ကိုဖွင့်ကာ စာအုပ်တွေထည့်နေသည်။
No.251
Locker တောင်ဘေးချင်းကပ်လျက်ဖြစ်နေပါရောလားဟု JH တွေးမိလိုက်သည်။
MH က
" ဒါ မင်း locker လား.. ..ငါတို့ဘက်ကိုဘာလို့ရောက်နေတာလဲ..မင်းတို့ဟာက ဟိုဘက်မှာမဟုတ်ဘူးလား"" အင်း..ဟုတ်တယ်..နေရာမရှိတော့လို့..ဒီဘက်ရောက်လာတာ "
" ဩော် "
JH လဲ ဘာမှ ဆက်မပြောတော့ဘဲ သူ့စာသင်ခန်းရှိရာ ၄ ထပ်မြောက်သို့ ပြေးတက်သွားသည်။
ဒီမနက် အဆောင်မတူသည်မို့ အတူမသွားရတော့။
~~~ vibrates~~~
MH ဖုန်းထုတ်ပြီး ကောက်ကိုင်လိုက်သည်။" ဟယ်လို "
"ဩော်..ဟုတ်တယ် ဦးလေး ...ကျနော် စုံစမ်းခိုင်းထားတာ ဘယ်လိုအခြေအနေရှိလဲဟင် "" အေး...သားရေ ...Busan နယ်ထဲမှာတော့ မင်းရှာခိုင်းတဲ့ သူမရှိဘူး ...ဦး အကုန်ပြန်ကြည့်ပြီးပြီ....ဒါပေမယ့် မင်းပြောတော့ 2005 လောက်မှာ ပြောင်းသွားတယ်ပြောတာနော်"
" ဟုတ်တယ် ဦးလေး"
" ဒါပေမယ့် ဦး ရှာမတွေ့ဘူးကွ ...ကြည့်ရတာ ပြဿနာ တစ်ခုခုဖြစ်လို့ ပြောင်းထားကြတယ်ထင်တယ်..စာရင်းတွေအရ အဲ့ နှစ်က လူတော်တော်များများ Busan ကနေ ပြောင်းသွားကြတာပဲ"
" ဟုတ်လား...ဒါဆိုရှာမတွေ့လောက်တော့ဘူးပေါ့နော် "
" ၈၀ % လောက်တော့သေချာတာပေါ့ကွာ လက်မလျော့ပါနဲ့ဦး ..ဦးလည်းဆက်ကြိုးစားကြည့်ပါ့မယ်"
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...