ဒီနေ့တော့ MH တစ်ယောက် ကိုယ်သွားတိုင်းစိတ်မပါ...စိတ်သွားတိုင်းကိုယ်မပါဖြစ်နေ၏။
ဆရာက စာမေးပြန်တော့လည်း အမြဲတမ်း အမှန်တွေပဲဖြေတတ်တဲ့သူက ဒီနေ့တော့ ပေါက်ကရတွေဖြေလိုဖြေ။
Tutorial အတွက် ပါမောက္ခရုံးခန်းမှာ စာအုပ်လာယူပါဆိုတော့လည်း လက်ထောက်ဆရာမဆီရောက်သွား...
အဆိုးဆုံးကတော့ assignment စာရွက်မှာ Hwang MinHyun အစား... Kim Jae Hwanဟု မှားတတ်မိခြင်းပင်။
သွားလဲ ဒီစိတ် စားလဲ ဒီစိတ် စာလုပ်လဲဒီစိတ်...
" hyung ကျနော့်ရင်တွေပေါက်ထွက်တော့မယ်ထင်တယ်တဲ့"
ဘယ်လောက်တောင် sweet လိုက်တဲ့စကားလေးလဲနော်...
ကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးနေတုန်း သူလေးက" လူချင်းကပ်တော့ လူငွေ့ဟပ်ပြီး ပူလို့တဲ့ Hyung ကိုယ်ကြီးက ပူလိုက်တာဆိုပဲ ဒယ်အိုးကပူ လူကပူနဲ့ နှလုံးပေါက်ထွက်တော့မယ်ဆိုပဲ "
ဩော်...အ sweet တွေပျက်သွားပေမယ့်..ပြောပြီးစလစ်နံပါတ် ၁မို့ ကို့ဘာကို ထင်ချင်ရာထင်ပြီး ပျော်ပျော်ကြီးပဲနေပါတော့မယ် ကလေးရေ...
~~~~~
"Jaehwan!!" ဟဲ့ Park Jae hwan
" ဟင်.."
"ငါခေါ်နေတာ ၇၅ ခေါက်လောက်ရှိပြီ။ နင်ကြည့်နေတဲ့ နေရာ ငါကြည့်တော့လဲ ခွေးတစ်ကောင် မြေလူးနေတာပဲတွေ့တယ် ... မွေးချင်လို့လား...ခေါ်သွားလေ..သူကပိုင်ရှင်မရှိဘူး "
ပြောလာသူက Sohee.. JH နဲ့ တွဲလိုက်ရတဲ့ကောင်မလေး.."ဩော်..အေး..အဲ့တာစဉ်းစားနေတာ..ဒါနဲ့ဘာလို့ခေါ် "
" နင်ပြီးပြီလား...စာရွက်လာတောင်းတာ...ရေးထားလိုက်မယ်ဆို "
" ဩော်..ပြီးပြီ ရော့.." JH အိတ်ထဲကနေ စာရွက်ထုတ်ပေးလိုက်သည်။
" မြန်လိုက်တာနော် ငါတို့အဖွဲ့က မနေ့ကပေးတယ် ဒီနေ့ပြီးတယ် ... ဂွတ်ပဲ...ငါတို့တောင် ၁ခါပဲ ဆွေးနွေးလိုက်ရတယ်နော်"
" ဒီလောက်လွယ်တဲ့ဟာမှ မြန်မြနိမလုပ်ရင် အချိနိပုတ်တာပေါ့ဟ "
" ဟုတ်တယ်.. မဆိုးပါဘူး နင်နဲ့ကျတော့လည်း..အစကစိတ်ပူနေတာ "
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...