Chapter (17)

196 22 9
                                    

"တောက်စ်!!! ရာရာစစ လက်တောင်ချိတ်လိုက်သေးတယ်"

JH တစ်ယောက် အဆောင်ဆီအပြန်လမ်းတွင် ကျောက်ခဲတစ်လုံးကို ဖင်တပြန်ခေါင်းတပြန်ကန်ရင်း ပွစိပွစိ ပြောနေသည်။

"DY ချိတ်တာက ထားပါဦး... MH ကဘာလို့ ဖယ်မချရတာလဲ...မဟုတ်မှလွဲရော....သူတို့နှစ်ယောက်က..."

ဆက်မတွေးတော့ပဲ အဆောင်ရှေ့က အုတ်ခုံပေါ် ထိုင်လိုက်သည်။

"နေပါဦး.. သူတို့နှစ်ယောက်ကြိုက်နေတယ် ရည်းစားတွေဖြစ်နေတယ်ဆိုလဲ မင်းအပူဘာပါလို့လဲ..အေ့လေ...မင်းနဲ့ MH ကဘာမှ လဲ မဟုတ်ဘဲ...အေးလေ "

တစ်ယောက်တည်း ခေါင်းတွေရမ်းလိုက် ပြန်ငြိမ့်လိုက်နှင့် ဂဏာမငြိမ်။

JH အခုတလော သူ့ကိုယ်သူတောင်ဘာဖြစ်နေသည်မသိ။
MH နှင့်ပတ်သတ်လာလျှင် သူဆန်းဆန်းတင့် ဖြစ်ချင်နေသလိုလို။
သူငယ်ချင်း အချင်းချင်း ခင်မင်ရင်းနှီးမှုထက် ပိုနေသော စိတ်ခံစားချက်။
သူနားမလည်တော့ပါ။

" ဟယ်လို....အမေ..သားပါ " JH သူ့အမေကို ဖုန်းဆက်လိုက်သည်။

" ဟယ်..သားလေး Jjaeni ကြားသားမိုးကြိုး ဖုန်းတွေဘာတွေဆက်လို့ပါလား "

အရင်ကဆို အမေ့ရဲ့ Jjaeni လေး ဟူသည့် ခေါ်သံက  JH ရင်ကိုအေးမြစေသည်။
အလိုလိုနေရင်းကို ပျော်ရွှင်မှုတွေပေးနိုင်သည်။
သူ့ကိုရွှင်လန်းတက်ကြွစေသည်။

အခုတော့... MH hyung ၏ Jjaeni လေးဟူသောခေါ်သံလေးက ချက်ချင်းလက်ငင်းအတောင်ပေါက်, အာကာတခွင်ဗြဲဗြဲစင်အောင် ပျံသန်းနိုင်သည့်ခံစားချက်က ဘွားခနဲ။

" မေးစရာရှိလို့...ကျနော်နဲ့ MH နဲ့ ငယ်ငယ်ကတော်တော် ခင်ခဲ့ကြတာလား "

" မေးမှမေးတတ်လေကော သားရယ်.. မင်းတို့၃နှစ်လောက် သွားအတူ လာအတူ စားအတူ ဘဲ....အမေဆို မင်းသူနဲ့ဆော့နေရင် ထမင်းစားဖို့တောင်ခေါ်မရဘူး...MH က ခွံကျွေးမှ စားမယ်ဆိုတာတွေရော....MH နဲ့ပဲ နေမယ်ဆိုတာတွေရော ..စုံနေတာပဲ "

" ဗျာ....တကယ်အဲ့လိုတွေလား "
JH သူ့နားသူမယုံနိုင်ပေမယ့်..မွေးသမိခင်၏ စကားဖြစ်သည့်အဖြစ် မယုံနိုင်စရာမရှိ။
စောင်ကလေး Kim Jae Hwan မင်းဘာတွေများပြောခဲ့တာလဲ...

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now