Minhyun က ရေခဲသေတ္တာထဲမှ cola တစ်ဘူး ထုတ်ပေးလိုက်ပြီး..
" ရော့..အန်တီ သောက်ပါဦး "" အင်း...ကျေးဇူးပဲသား...တွေ့ရတာအရမ်းဝအ်းသာတယ် သားရယ် ....သားအမေရော နေကောင်းရဲ့လား "
" ကောင်းပါတယ် အန်တီ သူတို့က ဘူဆန် မှာပါပဲ....အန်တီ့ကိုသတိတွေရနေတာ..ဘာလို့ စာမလာ အကြောင်းမကြားတာလဲ ဆိုပြီးတော့ " MH ကော်ဖီ တစ်ငုံသောက်ကာပြောလိုက်သည်။
" အင်း...ရုတ်တရက်ကြီး ပြောင်းသွားရတာကိုး ပြီးတော့ ခြေရာလက်ရာ အကုန်ဖျောက်ခဲ့ရတာလေ .."
" ဘာလို့လဲ အန်တီ ပြဿနာရှိလို့လား....အဆင်မပြေရင် မဖြေပါနဲ့နော် ရတယ် "
" ရတယ်သား...ကိစ္စမရှိဘူး..ကြုံမှတော့ ပြောပြရတာပေါ့...အဲ့တုန်းကဆို... jjaeni လေးလဲ ငယ်ငယ်လေးပဲရှိသေးတယ် ၅ နှစ်တောင်တူတူနေခဲ့ကြတာနော်...သိပ်ပျော်ဖို့ကောင်းခဲ့တာပဲ "
" ဟုတ်တယ် ..အန်တီ"
" ဒါပေမယ့်...တစ်နေ့မှာ သူ့အဖေ ရဲ့ ကုမ္ပဏီ က အလိမ်ခံလိုက်ရတယ်သား... အဲ့ဒီမှာ အန်တီတို့လဲ အလိမ်ခံရတာခြင်းတူပေမယ့် ပိုင်ရှင်ဖြစ်နေတော့ ရှယ်ယာရှင်တွေ ရောက်လာကြတယ်လေ။ အဲ့တာကြောင့် အသဲအသန် ပြောင်းလိုက်ကြရတာ။ "
" တော်တော် ဒုက္ခရောက်ခဲ့မှာပဲ အန်တီ..အခုရောအဆင်ပြေပြီလားဟင် "
" အမှန်တရားပေါ်ဖို့ ၃နှစ်လောက် အချိန်ယူလိုက်ရတယ် သား...အခုတော့ အဆင်ပြေပါပြီ။ ဒါပေမယ့် အတိတ်ဆိုးကြီးတော့ကျန်ခဲ့တာပေါ့လေ "
" တော်သေးတာပေါ့ အန်တီရယ်...ဒီလိုအဆင်ပြေတာ "
သူပြောနေရင်း အတိတ်မှာ Jjaeni လေး ဘယ်လိုကျော်ဖြတ်ခဲ့ရမလဲ ဟုတွေးရင်းစိတ်မကောင်းဖြစ်နေမိသည်။" ဒီကြားထဲ သားက ကားတိုက်ခံလိုက်ရပြီး အတိတ်ကိုမမှတ်မိဖြစ်သွားတယ်...ဆရာဝန်ကတော့ အဲ့တာ အလန့်တကြား ဖြစ်သွားလို့လို့ပြောတယ် အဲ့တာကြောင့် ပြန်ပြန်မှတ်မိလာတတ်တာ...သူ့ကိုလည်း ပြန်မှတ်မိအောင်ကူညီပေးပါဦးသားရယ် "
အန်တီက MH လက်ကို ဆုပ်ကာ ပြောလိုက်သည်။
" စိတ်ချပါ အန်တီ ကျနော် ကူညီပါ့မယ် "
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Фанфикမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...