မိုးသားကင်းစင်သော အပြာရောင်ကောင်းကင် မှာ နှင်းမှုန်တို့က ဝေ့ဝဲနေရာယူနေကြ၏။
ချယ်ရီပန်းတို့ခင်းသောလမ်းမှာ busker busker ၏ Cherry blossom သီချင်းကို နားထောင်လျက် အနွေးထည် အိတ်ထဲ လက်ထည့်ကာ လျှောက်လာသူတစ်ယောက်....
ကျောင်းအရှေ့က တံတိုင်းမှာကျောမှီလျက် ဘောင်းဘီ အိတ်ထဲ လက်ထည့်ကာ ခြေဖျားလေးဖြင့် ပွင့်ရွက်ကြွေများကိုပျင်းပျင်းနှင့်ဆော့ကစားနေသူတစ်ယောက်....
တစ်ယောက်က တစ်ယောက်နား နီးလာချိန်မှာတော့ အသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် မော့ကြည့်မိကြသည်။
အကြည့်ချင်းဆုံသွားသော ၂ယောက်သားက အပြန်အလှန်ပြုံးပြလိုက်ကြ၏။
~~~~♡♡♡♡~~~~
" at practice room "
" hyung မနက်စာစားပြီးသွားပြီလား " လွယ်အိတ်ချရင်းထိုင်လိုက်ကာ မေးလိုက်၏။
" ဟင့်အင်း.."
" ဗိုက်ဆာနေလား "
အမယ်..ဒီကောင်လေး...ငါ့ကိုစိတ်ဆိုးနေမယ်ထင်တာ...မဆိုးဘူးလား..
" အင်း..ဆာတယ်...မုန့်ပါလို့လား " MH က JH ရှေ့မှာထိုင်ချရင်းပြောလိုက်သည်။
" မပါဘူး...ဒီတိုင်းမေးကြည့်တာ " ဟိုကြည့်ဒီကြည့် လုပ်နေ၏။
" မပါဘဲ နဲ့ မေးစရာလား...သေတော့မယ် " JH ခေါင်းကို ထုတော့မည့်ဟန်ဆောင်လိုက်ရာ ခေါင်းလေးပုဝင်သွား၏။
JH က သူ့ကိုတကယ်မထုမှန်းသိသွား၍ ဖူး ခနဲ သက်ပြင်းချလိုက်ပြီး ရယ်လိုက်၏။
" နေပါဦး...ထမင်းလိပ် ၂ဘူးလုံးစားလိုက်တာလား "
" တစ်ဘူးမှာ ၁၀ ခုပဲ ပါတဲ့ဟာကို HYUNG ကလဲ "
" ဘယ်နှစ်ခု ပါလဲ မေးနေတာမှ မဟုတ်တာ...၂ဘူးလုံးစားလိုက်တာလားလို့မေးနေတာ "
" ဟီး...အင်း "
" ဝလာတော့မှာပဲ....မဖြစ်ဘူး...နောက်နေ့ကစပြီး DIET လုပ်ရမယ် "
" ဟာ....မရဘူးလေ HYUNG ... ပိန်သွားမှာမကြိုက်ဘူး...ဝတောင်ဝချင်သေးတာကို "
" မင်းသဘောပါပဲ...hyung ကတော့ ပိန်ပိန် ဝဝ ချစ်ပြီးသား။ ဟာ..ဟုတ်သားပဲ..ဝိတ်ချလိုက်ရင် ဒီပါးလေးပါ ပိန်ကျသွားမလားမသိဘူးနော်...ဒါဆိုမဖြစ်ဘူး "
Jh ပါးလေးကို လက်ညှိုးနဲ့ ထိုးလိုက်ရင်း ပြောလိုက်သည်။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...