အဆောင်ကိုပြန်ရောက်တော့ ည ၉နာရီခွဲနေပြီ။
JH က ပြန်ရောက်ရောက်ချင်း ခန္ဓာကိုယ်ကို အိပ်ရာပေါ်ပစ်လှဲချလိုက်၏။
" ဟာ...jjaeni ကွာ.... အဝတ်အစားလဲဦးလေ "
MH က အပေါ်အင်္ကျီလဲရင်း ပြောလိုက်၏။" ဟင့်အင်း....ပင်ပန်းနေပြီ...ဒီတစ်ညတော့ ဒီတိုင်းပဲအိပ်တော့မယ် " လူကမျက်လုံးမပွင့်တော့..ပြောရင်းနဲ့ အသံတွေ လေးလာ၏။
" ဒီတစ်ညတည်း ဒီတစ်ညတည်းနဲ့ ဘယ်နှစ်ည ရှိမှန်းတောင် မရေနိုင်တော့ဘူး....ထ ထ အင်္ကျီအသစ်တွေညဝတ်အိပ်ရင် ဟောင်းသွားမှာပေါ့"
"အင်း.........." အသံရှည်ဆွဲလိုက်ရင်းပြောလိုက်သည်။ လူကဝမ်လျားမှောက်လျက်။
" Hyung စကားနားမထောင်ဘူးလား.....hyung လာလဲ ပေးရမှာလား "
" ဟင့်အင်း....."
MH က JH ကုတင်ပေါ်တက်ပြီးJH ခြေထောက်ဘေးမှာထိုင်လျက် ...
"ဒါဆိုထလဲတော့...ခြေတွေလက်တွေသွားဆေးတော့ ...ညစ်ပတ်အိုးလေး "
" ဟာ.....တကယ်ပဲ ပွစိပွစိ နဲ့ အိမ်ကအမေထက်ပိုဆိုးနေတယ်..ဟင်းးးး"
စိတ်ပျက်လက်ပျက်ပြောရင်း ငုတ်တုတ်ထထိုင်လိုက်၏။"နောက်ဆို ပိုနားညီးမယ်... jjaeni အကျင့်တွေ အကုန်ပြင်ပေးရမယ် "
" ဘာလို့ပြင်မှာလဲ...စောစောကပြောတော့ jjaeni ဘာဖြစ်ဖြစ် အကုန်ကြိုက်တယ်...jjaeni ရဲ့ အရာရာတိုင်းကိုသည်းခံပါ့မယ်ဆို "
JH က ငုတ်တုတ်ကြီး မျက်လုံးမှိတ်လျက်ပြောနေ၏။MH ချောင်ပိတ်မိသွားပြီး ပြောစရာစကားရှာမတွေ့တော့။
JH ပုခုံးကိုဆွဲဖက်လိုက်ပြီး ခေါင်းကို သူ့ပုခုံးပေါ်တင်ပေးလိုက်ကာ
" ဒီနေ့ June 22 ကိုယ်တို့ရဲ့ ပထမဆုံး နေ့နော်"
"အင်း..."
" ကိုယ် ၇ နှစ်လုံး မင်းကိုလိုက်ရှာနေခဲ့တာ...အဲ့တုန်းက ငယ်သေးတော့ ကိုယ်ဘာမှ မတတ်နိင်ခဲ့ဘူး "
" အင်း..."
"ဒါပေမယ့်လက်မလျှော့ခဲ့ဘူး...အိမ်နဲ့ အတိုက်အခံလုပ်ပြီး ဆိုးလ်ကိုတက်လာတယ်..မင်းကိုရှာခဲ့တယ် "
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanficမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...