MH ရော JH ပါ အခန်းထဲ ပြန်ရောက်လာကြပြီ။
"ဟူး...တစ်ညလောက် ခွဲလိုက်ရတာ ဖုန်တွေ တက်နေရောပဲ" MH က စိတ်ပျက်လက်ပျက်ဖြင့် ညီးကာ ဖုန်စုပ်စက်ကြီး ကောက်ကိုင်တော့သည်။
" ဟာ hyung ဇီဇာကြောင်တာလဲ ကြောင်တာပေါ့ ... အခုဟာက ပိုကိုပိုတယ်ဗျာ တစ်ညထဲနဲ့ ဖုန်တက်မလား "
JH လွယ်အိတ်ကို ကုတင်ပေါ် ပစ်တင်ရင်း ပြောလိုက်သည်။
ဖုန်စုပ်ပိုက်ကို JH ဆီ ထိုးလိုက်ပြီး
" ဘာ ဇီဇာကြောင်တယ် ဟုတ်လား..ဒီမှာကြည့်စမ်း မင်း ကုတင်ပေါ် လွယ်အိတ်ပစ်တင်လိုက်လို့ ထလာတဲ့ ဖုန်တွေ တွေ့လား ""မတွေ့ဘူး" စူတူတူ နဲ့ပြောကာ ကုတင်ပေါ်ပစ်လှဲပြီး ဖုန်းဖွင့်လိုက်သည်။
" ဒီ့ထက်ပို ပြောရမယ်ဆိုရင် မင်းကိုယ်ပေါ်က ဖုန်တွေ အညစ်အကြေးတွေက ပိုများနေတာ သိလား " ဟုပြောပြီး ဖုန်စုပ်ပိုက်က အမွှေးနဲ့ JH ကိုယ်ကို ဖုန်လိုက်စုပ်တော့သည်။
"ဟာ hyung ဘာလုပ်တာလဲ..ဟာ ဖယ် မြန်မြန်ဖယ်နော် " JH မနေတတ်တော့ဘဲ ယားလာသောကြောင့်ပြောလိုက်သည်။
" မဖယ်ဘူး ဒီကိုယ်ပေါ်ကဖုန်တွေ ကုန်အောင်စုပ်ရမယ် " ဟုဆိုကာ လိုက်သုတ်နေသဖြင့် JH တစ်ယောက် ကုတင်ပေါ်မှာ အော်ဟစ်ရင်း လူးလိမ့်နေတော့သည်။
တစ်ယောက်အိပ်ကုတင် ဖြစ်သဖြင့် MH က အနိုင်ရနေပေရာ JH ကုတင်ပေါ်မှာ လှိမ့်ချလိုက်သည်။
MH က လည်း ကုတင်အောက်ထိ ကလေးကို လိုက်စဆဲ။
" အား..အား... Hyung ခဏလေး.." JH က ရှံ့မဲ့စွာဖြင့် ညီးသံပါအောင်ပြောလိုက်သည်။
MH လဲ ရုတ်တရက် မျက်နှာအမူအရာပြောင်းသွားသဖြင့် ဖုန်စုပ်စက်ကို အမြန်ပိတ်လိုက်ပြီး JH ရှေ့ကိုချကာ ဒူးထောက်ပြီး
" ဘာဖြစ်လို့လဲ ကလေး...ဒူးနာသွားတာလား... " ဟုဆိုကာ JH ခြေထောက်ကို အသာလာကိုင်၏။JH မျက်နှာက ငိုတော့မည့်ပုံ...
" ကလေးရယ်...HYUNG တောင်းပန်ပါတယ်.. HYUNG ကိုရှောင်ဖို့ လှိမ့်ချရင်းဖြစ်သွားရတာ "
MH ကတကယ့်ကို ယူကြုံးမရဖြစ်နေသည့်ပုံဖြင့်ပြောပြီး
" လာ ထလို့ရလား ..ထကြည့်ပါဦး.. မရရင် ဆေးခန်းသွားမယ် "
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...