အမြဲတမ်း ဒီအရှိန်နှုန်းနဲ့ ကျမြဲကျနေသော ရေပန်းက ဒီနေ့မှ slow motion နဲ့ကျနေသလိုလို။
အမေနဲ့ဖုန်းပြောပြီး လန်းသွားအောင်ရေချိုးလိုက်လေဆိုလို့ အမေ့စကားနားထောင်သောသားလိမ္မာလေးအဖြစ်နဲ့ ရေဝင်ချိုးခဲ့သည်။
သို့သော်လည်း ရေပန်းမှ ကျသောရေက ကဗျာဆန်ဆန် ကျနေသလိုလို။
ခေါင်းပေါ်ရေတစ်စက်ကျတိုင်း မျက်လုံးစုံမှိတ်မိသည်။
မှိတ်လိုက်တိုင်းလဲ အစောက မြင်ခဲ့ရသော ကျက်သရေတုံးမြင်ကွင်း ကြီးက ပေါ်လာပြန်၏။ပေါ်လာတိုင်းလဲ ဘယ်ဘက်ရင်အုံက ဆစ်ခနဲ ဆစ်ခနဲ ...
" ဟင်း....ကျောင်းပွဲက သန်ဘက်ခါပဲ ....ဒီကြားထဲ နေ့တိုင်း အကကတိုက်ရဦးမယ်..eye cross တွေ တွေ့ရဦးမှာပေါ့"
ရေချိုးလိုက်ရင် လန်းဆန်းသွားမယ်ထင်ခဲ့သော်လည်း နွမ်းလျနေသော စိတ်ကတော့မတက်ကြွလာသေး
ရေပန်းကိုပိတ်လိုက်ပြီး အင်္ကျီလဲ ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
နာရီကိုမော့ကြည့်လိုက်တော့ ၆နာရီခွဲ....
"Hyung အခုထိ လဲ ပြန်မလာသေးပါလား"
ဗိုက်မဆာသေးသည်မို့ အိပ်ရာပေါ်လှဲချလိုက်သည်။
တကယ်တော့ အတူစားဖို့စောင့်နေခြင်းပါ။
ဖုန်းကို ထုတ်ကြည့်ပြီး Gallary ကိုဝင်မွှေလိုက်၏။
" တောက်...တစ်ပုံမှ မရှိပါလား... အလွမ်းပြေကြည့်စရာ ပုံလေးတစ်ပုံတစ်လေတောင် ခိုးမရိုက်ထားမိဘူး..."
သူ့ selfie ပုံတွေသာ ပြည့်နေသော gallary ကို အပေါ်ပွတ် အောက်ပွတ် လုပ်ရင်းငြီးလိုက်၏။
" အေးလေ ခိုးရိုက်ရအောင်ငါကသူ့ကိုကြိုက်နေခဲ့တာမှ မဟုတ်တာ "
စိတ်ထဲမှာ အတွေးများစွာတွေးရင်း
လက်က phone contact ထဲ ရောက်သွားပြန်၏။* Minhyuniee hyung *
ဖုန်းခေါ်သည့် icon နဲ့ message ပို့သည့် icon လေးကို တစ်ဖက်စီထောက်ရင်း ဘာလုပ်ရမလဲ ဆိုပြီး ဆော့နေ၏။
ကျသွားသည်က ဖုန်းခေါ်ခြင်း ကို...
" မခေါ်ပါဘူး...ညနေက ကြည်နူးနေတဲ့ လူကိုများ အရေးလုပ်ခေါ်စရာ... သူတောင်ဖုန်းတစ်ချက်မှ မဆက် စာမပို့တာ..ဒါလားချစ်တာ..စိတ်ပူခြင်း တစိမှ မရှိ "
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...