" Jjaeni မြန်မြန်လုပ်ကွာ... ၆နာရီတောင်ထိုးတော့မယ်ကွ"
MH က လက်ပိုက်လျက် ရေချိုးခန်းရှေ့ကနေအော်နေ၏။
၅ခွဲလောက် ထွက်ပြီး ထမင်းလဲ တူတူစားရင်း တစ်ညလုံး ရို လို့ရပြီ ဟုတွေးထားသော်လည်း
ဒီပုံ ဒီနှုန်း ဒီအတိုင်းဆိုရင်တော့ သူ့အိပ်မက်လေးတွေသွားပါပြီ။အမယ် ...မောင်မင်းကြီးသားက ဝတ်စုံပြည့်နဲ့ ထွက်လာပါပြီ။
အင်္ကျီအသစ် ထုတ်ဝတ်ထားတယ်ပြောပေမယ့် သူ့မျက်လုံးထဲတော့ ဒီတိုင်းပင်။
သူမျှော်လင့်ထားခဲ့သည်က ဒရာမာ ကားတွေထဲကလို...
မင်းသမီးက အင်္ကျီအသစ်လှလှ လေးဝတ်ပြီးထွက်လာရင် မင်းသားမှာ မှင်သက်ပြီး တအံ့တဩ အသက်ရှူ မှားမတတ် ကြည့်နေရတာမျိုး...
အဲ့လို moment လေးကို မျှော်လင့်ထားပေမယ့် အခုကျ ဘာမှလဲ မထူးပါလား...
" ဩော်..ဘယ်ထူးမလဲ...ငါက သူ့ကိုတွေ့လိုက်တိုင်းရင်ခုန်ပြီး မှင်သက်မိနေတာကို...ဒါကို ဘယ်သတိထားမိတော့မလဲ " သူ့ဘာသူတွေးမိပြီး ရယ်လိုက်၏။
အသံထွက်သွားသည်ထင်ပါ၏။
" hyung... ဘာတွေရယ်နေတာလဲ... King ဖြစ်သွားလို့ အပျော်လွန်ပြီး ချောင်သွားတာလား "
ဘေးက ဖြတ်သွားသော JH က ခေါင်းသုတ်ရင်းမေးလိုက်သည်။
" မဟုတ်ပါဘူး.. .. hyung ရယ်တာမြင်ရင် အဲ့တာ မင်းအကြောင်းတွေးနေလို့ပဲလို့မှတ်လိုက် "
JH က ပြုံးလိုက်ပြီး ခေါင်းဆက်သုတ်နေ၏။
" အခုအချိန်ကြီးခေါင်းလျှော်ရလား....အအေးပတ်တော့မှာပဲ....ဒီလိုပုံနဲ့ဆိုရင်တော့ ဒီည မုန့်မစားရဘဲ အိုးသွားဆေးနေရမယ်နော် "
MH က ပြောပြောဆိုဆိုဖြင့် dryer ကိုထုတ်လိုက်ပြီး ပလက်ပေါက်မှာ တပ်လိုက်၏။
"လာ ဒီကို"
JH အနားရောက်လာသည့်အခါ JH ပုခုံးကိုဖိကာ ကုတင်ပေါ်ထိုင်ခိုင်းလိုက်ပြီး MH က အရှေ့ကနေ၍ ခေါင်းကို လေမှုတ်ပေးနေတော့၏။JH က ကုတင်ပေါ်မှာငုတ်တုတ်
MH က သူ့ရှေ့မှာ ဆံပင်တွေကို ဖွလိုက် လေနဲ့မှုတ်လိုက် လုပ်နေ၏။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...