Chapter (33)

192 22 6
                                    

MH တစ်ယောက် JH အိမ်ပေါ်တက်နေတာ တစ်ပတ်တောင်ရှိပြီ။
၁ပတ်လုံးလဲ Bus နဲ့ ကျောင်းအသွားအပြန်လုပ်ခဲ့ဖူးပြီ။

သူထင်ခဲ့တာက ဒရာမာတွေထဲကလိုပေါ့
အမယ်....bus လေးနဲ့ကျောင်းသွား...ကားကလူကျပ် သူတို့ကမတ်တတ်ရပ်...အဲ့မှာချစ်သူလေးကို လူမပိအောင် ကိုကိုက လူစွမ်းကောင်းကြီးလုပ်ပြီး ကာပေး...   ဒါမှမဟုတ်လဲ..

နှစ်ယောက်သားနေရာရ ထိုင်ခုံတူတူထိုင်...ကလေးလေးက အိပ်ငိုက်...သူ့ပုခုံးပေါ်တင်ပေး...နားကျပ်တစ်ယောက်တစ်ဖက်တပ်ပြီး သီချင်းလေးနားထောင်ရင်း..ကျောင်းလေးတူတူသွားပေါ့...

MHမှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့ပါ။

ကားလာပြီဆိုကတည်းက JH တစ်ယောက် ဝူးခနဲပြေးတက်သွားလိုက်တာများ လှစ်နေရော..

ပြီးတော့..နေရာလွတ်ရှိသည့်နေရာကိုလည်းကြိုတင်အာရုံရနေသလားမသိ...ကားပေါ်တက်သွားကတည်းက ထိုင်ခုံအလွတ်ဆီတည့်တည့်ပြေးတော့သည်။

ထိုမှမပြေးလဲ နေရာရမည်မဟုတ်။
သူတို့စောင့်သည့်ကားမှတ်တိုင်က လူအတက်များသည်။ ကျောင်းသားလဲများသည်။
တခါတလေ ကျောင်းကလူတွေနဲ့တောင်တွေ့သေး၏။

ကောင်မလေးများနှင့်တွေ့လျှင် တိုးတိုးတိုးတိုးနှင့် "ဟဲ့ ဟိုဟာ ငါတို့ကျောင်းက King မလား...အမလေး ချောလိုက်တာဟဲ့ .." ဆိုသော တီးတိုးချီးမွမ်းသံများကြားရချိန်ဆို သူ့ဘေးက JH ကိုမျက်စောင်းလေးထိုးကြည့်ရတာအမော။

သူလေးများ သဝန်တိုပြီး အဲ့ကောင်မလေးတွေကိုမျက်စောင်းလေးများလှမ်းထိုးမလား....သူ့ကိုကောင်မလေးတွေမမြင်အောင် ခန္ဓာကိုယ်နဲ့များကွယ်လိုက်မလားဆိုပြီး မျှော်လင့်ချက်တွေနဲ့တောင့်တရတာအမော...

တောင့်တသော်လည်းလိုအင်ဆန္ဒမပြည့်ဝ။

JH ကတော့ သဝန်တိုဖို့နေနေသာသာ ထိုတီးတိုးပွစိပွစိသံများကို ကြားတောင်ကြားရဲ့လားမသိ?

သူ့အတွက်တော့ အခုလာမယ့်ဘတ်စ်ကား လူအပြည့်ပါလားမလား...ထိုင်ခုံဘယ်နေရာအလွတ်ရှိမလဲဆိုတာလောက် ဘာမှစိတ်မဝင်စားပေ။

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now