Chapter (23)

172 17 7
                                    

" ချစ်နေမိလို့ပေါ့ "~~~~

" ဘာရယ် " JH မေးမိလိုက်သည်။
MH ဘာစိတ်ကူးနဲ့ ဒီလိုပြောလိုက်သည်ကို သူနားမလည်နိုင်ပါ။

ဒါပြောရမယ့်စကားလား..ပြောသင့်တဲ့စကားလားဆိုတာသူတွေးသင့်သည်မဟုတ်ပါလား...

အခုတော့ "ချစ်မိနေလို့ပေါ့" ဆိုပြီး ဒီလို အကြင်နာမျက်လုံးတွေနဲ့  ဖွင့်ပြောခံလိုက်ရတဲ့လူက သူ တဲ့လား..

မိန်းကလေးတစ်ယောက်မဟုတ်ဘဲနဲ့လေ...
HMH ဘာတွေတွေးနေတာလဲ....

JH ရဲ့ အမေးကို MH ကတော်တော်နဲ့ပြန်မဖြေ...

"Hyung ... နောက်ချင်လဲ တခြားဟာနဲ့နောက်ပါဗျာ.... ဒီလိုကြီးတော့ မနောက်ကောင်းပါဘူး.. .." JH က ရယ်ရင်း ပုခုံးပေါ်ကMH လက်ကိုအသာဖြုတ်ချရင်းပြောလိုက်သည်။

" Hyung ကိုနောက်နေတယ် ထင်လို့လား... Hyung ပြောနေတာတွေကို စနောက်နေတယ်ထင်နေတာလား "

ကြည့်ရတာတော့ အတည်ကြီးလို့ထင်ချင်စရာပင်။
သူ့လေသံ...သူ့အမူအရာ..သူ့အကြည့်တွေ နဲ့ တွက်ချက်ရရင်ပေါ့...

ဒါပေမယ့် အတည်မှ မဖြစ်နိုင်တာကြီး....

" hyung ပုံစံကြည့်ရတာတော့ အတည်လိုပါပဲ...ဒါပေမယ့်လည်း နောက်နေမှန်းသိသာပါတယ်...ခွီး.."

MH ဒီ အူလည်လည် လုပ်နေသော JH ကိုကြည့်ရင်း နားမလည်နိုင်။

သူ့မှာတော့ အနှစ်နှစ်အလလ က မြိုသိပ်ခဲ့ရသည့်စကားကို ဘရိတ်ကြိုးပြတ်သွားသည့်အဆုံးထုတ်ပြောခဲ့မိသည်။

ပြောမယ့်ပြောမိတော့လည်း တစ်ဖက်က reaction ကို ဆန္ဒကြီးစွာမျှော်လင့်ခဲ့မိသည်ပေါ့..

အခုတော့ JH က အရူးကွက်နင်းနေ၏။

သူတကယ်ပဲ မသိတာလား...မသိချင်ယောင်ဆောင်နေတာလား မခွဲခြားတတ်...

" JH ရာ..hyung .." MH စကားမဆုံးခင် ထမင်းစားချိန်ကုန်ကြောင်းခေါင်းလောင်းထိုး၏။

" ဟော.. hyung.. သွားတော့..အတန်းတက်ပြီ..ကျနော်တော့သွားပြီ "
JH ကပြောပြောဆိုဆိုဖြင့် အတန်းဆီ ဦးတည်ပြေးတော့သည်။

JH ရှေ့ကိုမကြည့်ဘဲ အဝင် DY ကအထွက်နှင့် အခန်းဝမှာ ဝင်တိုက်မိသွား၏။

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now