၂ယောက်သားစကားတပြောပြောဖြင့်ရယ်မောနေကြရင်း အကလေ့ကျင့်သည့်အခန်းတံခါးကို ဖွင့်ကာဝင်လိုက်သည်။
" အောင်မလေး အိုမား " JH ဝင်ဝင်ချင်းအလန့်တကြားအော်လိုက်မိသည်။
" ဘာဖြစ်လို့လဲ Jja...အောင်မလေး " MH ပါ စကားမဆုံးသေးခင် လန့်အော်လိုက်မိသည်။
JH က အံကြိတ်ရယ်လျက် MH ပုခုံးကို အသာတိုက်လိုက်ပြီး မရယ်ရန် သတိပေး၏။
MH ကလဲ " အဟင်း " ဟုလည်ချောင်းရှင်းလိုက်ပြီး
" ေဩာ်...DY အစောကြီးရောက်နေတာပဲ...ငါတို့လန့်သွား..အဲ...ပျော်သွားတယ်..ဟားဟား.." ဟန်ဆောင်ပန်ဆောင် ရယ်လိုက်ကာ လွယ်အိတ်ချရင်း ပြောလိုက်သည်။
JH ကတော့ ပတ်ပတ်လည် မှန်ရှိနေသည်မို့ ရယ်ချင်သည်ကိုမရယ်ရဘဲ ကြိတ်မှတ်ထားရသဖြင့် မျက်နှာကြီးတစ်ခုလုံးနီရဲနေပြီ။
" မဟုတ်ပါဘူး...အခုတင်ရောက်တာ MH ရဲ့... ကဲ စကြတော့မလား " DY အသံကချွဲပစ်ပစ်။ JH ရဲ့ အမုန်းဆုံးအသံပေါ့။
" အင်း..စ..စကြမယ်လေ " MH က JH ကိုကြည့်ကာ စပ်ဖြဲဖြဲဖြင့်ပြုံးလိုက်သည်။
DY က သူ့နေရာ မရောက်သေးသည်မို့အနောက်ခဏဝင်ပြီး အလှသွားပြင်စဉ်..
JH က" Hyung ရာ...ကျနော်ဖြင့် လိပ်ပြာလွင့်မတတ်ပဲ...နှုတ်ခမ်းကြီးကနီရဲ...မျက်နှာကြီးကဖြူစုတ်..ဒီလောက်အေးတဲ့ရာသီမှာ ဂါဝန်အတိုနဲ့... ပြီးတော့ အဖြူရောင်...ဆံပင်က ဖားလျား ချထားတော့ "
ဟု MH နားနားကပ်ကာ တိုးတိုးပြောလေ၏။MH က လည်း
" Hyung ဆို ကြက်သီးပါဖြန်းဖြန်းထသွားတယ် " ဟု တိုးတိုးပြန်ပြော၏။
×××" အိုကေ ဒါဆို အခုက JH တစ်ယောက်တည်း Intro လုပ်ရမယ့်အပိုင်းနော် ဆိုတော့ ရော့ဒီမှာဂစ်တာ "
" ဟာ.. hyung ဂစ်တာ ဘယ်ကတွေ့တာလဲ ...ကျနော်စိတ်ပူသွားတာ ...ယူမလာမိလို့ "
" ဟိုမှာအစုံရှိတယ် jjaeni ရဲ့... ဟိုအခန်းထဲမှာ...နေပါဦး ယူမလာဘူးဆိုရအောင်...မင်းဆီမှာ ဂစ်တာရှိတာလား "
" ရှိတာပေါ့ သီချင်းအဆိုနဲ့ အရေး ဌာနကလူက ဂစ်တာမှမရှိလဲ " JH ဂစ်တာကြိုးညှိုရင်းပြောလိုက်သည်။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...