၃နှစ်ကြာပြီးနောက်..........
"Korean National University of Arts"
ဟုရေးထွင်းထားသော ကျောင်းခြံဝင်းရှေ့တွင်
ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် လူကြီးမိဘများပါ ရောက်ရက်ခက်နေကြ၏။ဘွဲ့ဝတ်စုံကိုယ်စီဖြင့် ကျောင်းသား ကျောင်းသူတို့၏ မျက်နှာတိုင်းတွင် အပြုံးပန်းများ ပွင့်လန်းဝေဆာနေသည်ကိုလည်းတွေ့မြင်နိုင်၏။
နွေဦးဖြစ်သည့်အတွက် သစ်ပင်ပန်းမန်များမှာ ပွင့်ရွက်မရှိ အရိုးခေါက်ခက်ဖြင့် ရောင်စုံရွက်လှများသာ ကျန်ရစ်ခဲ့၏။
နီသောအရွက်ကနီ..ဝါသောအရွက်ကဝါ...စိမ်းသောအရွက်ကစိမ်းဖြင့် သူတို့သည်လည်း "ပန်းပွင့်တွေမရှိလဲ ငါတို့က လှတယ် " ဟုပင်ကြွေးကြော်နေသယောင်။
ဟုတ်ပါသည်။
ပန်းပွင့်မရှိတာနဲ့..အဲ့ဒီသစ်ပင်က မလှရတော့ဘူးတဲ့လား....
ဒီကမ္ဘာပေါ်မှာ ပန်းမပွင့်ဘဲ သူ့ဟာသူ သဘာဝအတိုင်းလှနေတဲ့ အပင်တွေအများကြီး...ထိုနည်းတူ..
DY ရဲ့ ဘဝသစ်ပင်မှာလဲ ပထမပန်းပွင့်ကကြွေကျခဲ့ပြီးပြီမို့နောက်တစ်ပွင့်ဆက်မပွင့်ရဲ့သေးတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ဝတ်မှုန်လေးတွေလာကျဲပေးခဲ့သည်။Directing ဌာနက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သော Jung Min က သဘောကျကြောင်းဖွင့်ပြောလာတုန်းကတော့ သူမ ငြင်းခဲ့ပေမယ့်.....ဇွဲနဘဲ မလျှော့သော သူ့ကို ဖွင့်ပြောပြီး ၆လအကြာမှာ သူမအဖြေပြန်ပေးခဲ့သည်။
အခုတော့သူမဘဝဟာ စိုပြေလန်းဆန်းတဲ့ အလှတရားပန်းလေးတွေ ဆက်လက်ပွင့်လန်းနိုင်ပြီလေ။
" Dayoung ah.. သွားကြမယ်လေ....လာ...ဆောရီးနော် စောင့်ခိုင်းလိုက်ရလို့ " ဘေးကလာခေါ်သော Jung Min အသံကြားမှ DY တစ်ယောက် MinHyun တို့အတွဲကိုကြည့်ပြီးတွေးနေသမျှ အကုန်ဖြတ်နိုင်ခဲ့တော့၏။
" arnyi... ကိစ္စမရှိပါဘူး ...သွားမယ်လေ "
နေ့လည် ၂နာရီ ခွဲပြီမို့ ဘွဲ့ယူပြီးသည့်နေ့မှာ လျှောက်သွားကြမည်လေ။DY... Jung Min လက်မောင်းကိုချိတ်လိုက်ပြီး နောက်ဆုံး တစ်ခေါက် MH တို့ကို လှည့်ကြည့်ပြီးနောက် ပြုံးရယ်ကာဖြင့် အရှေ့သို့ပြန်လှည့်လိုက်ပါသည်။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...