(6)
Minhyun အံ့ဩသွားရသည်မှာတော့အမှန်ပင်။
ဒီကောင်လေးနှင့်သူ ဒီလောက်ရေစက်ပါမယ်မှန်းမထင်ခဲ့။
အခုလဲ ကြည့် ..သူ့ကို အခန်းဝမှာ ပြူးကြောင်ကြောင်နဲ့ ကြည့်နေသည်လေ။" ေဩာ် ..မင်းကိုး..လာလေ"
" n..nae " တုံ့နှေးလေးလံသော ခြေလှမ်းများဖြင့် JHအခန်းထဲသို့ ဝင်လာသည်။
MH ကလဲ အထုတ် ၂ထုတ် ဆွဲကာ အနောက်က လိုက်ဝင်လာသည်။အခန်းကအင်မတန်သန့်ရှင်းသည်။
ယောက်ျားလေးအခန်းဟု မထင်ရလောက်အောင်ကို စနစ်ကျလွန်းသည်။
ပစ္စည်းအားလုံးကသူ့နေရာနှင့်သူ အတည်တကျ။
မနက်က EC ပြောစကားကိုသတိရမိ၍ JH ပြုံးစိစိဖြစ်မိ၏။MH မှာ သူနှင့် ဆန့်ကျင်ဖက် ဖြစ်၍ တစ်လတောင်နေနိုင်ပါ့မလားဟုလည်း တွေးမိသေးသည်။
" ငါ..မင်းလို့ မထင်ခဲ့ဘူး Jae Hwan ရ.. မင်း နဲ့ ငါက ရေစက်တော်တော်ပါတဲ့ပုံပဲ"
" အင်း ကျနော်လဲ မထင်ခဲ့ပါဘူး "
" ဒီဘက်က မင်းနေရာ စားပွဲခုံ ၁ခုံ ကုတင် ၁လုံး ဗီရို ၂ခု ..ကျန်တာတွေကတော့ အားလုံးတူတူသုံးရမှာ"
" ရပါတယ် ကိစ္စမရှိပါဘူး " JH ကသူ့ကျောပိုးအိတ်ကို ချကာ ဖုန်းနှင့့်အားသွင်းကြိုးကိုထုတ်ရင်း ပြောလိုက်သည်။
MH လဲ ဘာမှ ဆက်မပြောတော့ဘဲ သူ့စားပွဲ သူပြန်သွားသည်။
MH ထွက်သွားပြီး JH မှာ ကသိကအောက်ဖြစ်လွန်းသည့်အတွက်
အဝတ်အစားတွေထုတ် ဗီရိုထဲထည့် ဖိနပ်တွေထုတ်စီ..စာအုပ်တွေ စီ...စသည်ဖြင့် ည ၈နာရီခွဲလေ၏။ပစ္စည်းတွေအကုန်လုံး တစ်နာရီထဲနှင့် အပြီး နေရာချလိုက်သည့်အတွက် လူလဲ ဖက်ဖက်မောနေပြီ။
ကုတင်ပေါ် ပစ်လှဲလိုက်ကာ ခဏအနားယူဦးမယ် ဟုတွေးပြီး မျက်လုံး ခဏမှိတ်လိုက်သည်။
~~~~
ည ၉နာရီခွဲ....
MH စာလုပ်နေရင်းက JH ကိုကြည့်လိုက်သည်။
"အခုချိန်ထိ မလှုပ်သေးပုံရရင် သူအိပ်ပျော်နေတဲ့ပုံပဲ" ဟုတွေးမိသည်။"ဖိနပ်လဲ မချွတ် အဝတ်အစားလဲ မလဲ စောင်လဲ မခြုံ ဒီတိုင်းကိုအိပ်တာပါပဲလား"
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...