Chapter (2)

446 29 3
                                    

Super Mario အရုပ်လေးတပ်ထားသော အိမ်သော့လေးကို လှည့်ပြီးဖွင့်လိုက်သည်။

၂ယောက်ခန်းဖြစ်သော်လည်း အမRina က ကျယ်ကျယ်ဝန်းဝန်း နေရအောင် Minhyun ကိုတစ်ယောက်တည်းနေစေသည်။

Minhyun ကလည်း ၂ယောက်ဆို ဘယ်လိုမှမနေတတ် ။ အသန့်အပြန့်လည်းကြိုက်သူမို့ လူပိုတစ်ယောက်ဝင်လာသည်နှင့် စိတ်ကျဉ်းကျပ်သည်။

ဤအခန်းအကျယ်ကြီးတွင် စာအုပ်များ ၊ အခွေများ ၊ အဝတ်များ ၊ စားစရာ များက သူ့နေရာနှင့်သူ သေသပ်လှသည်။

အအေးဓာတ်က ပိုပြင်းလာပြီမို့ heater ဖွင့်ကာ ကုတင်ပေါ် ဝုန်းခနဲ ပြေးတက်လိုက်သည်။

Laptop ကိုဖွင့်ကာ ကျောင်းက assignment အတွက်ပြင်ဆင်ရဦးမည်။

Minhyun ရဲ့ Major ဘာသာရပ်က Singing and Acting. အခုအိမ်စာက
" သရုပ်ဆောင်ရာတွင်အရေးကြီးသောအချက်များ" ဆိုသည့် ခေါင်းစဉ်အောက်မှ စာမျက်နှာ ၁၅ မျက်နှာကို ဖတ်ပြီး မိမိ အမြင်ကို ပြန်ရေးရမည့် အိမ်စာ။

စာ ဆိုလျှင်တော့ minhyun အတွက် ဘာအခက်အခဲ မရှိ။ ငယ်စဉ်ကတည်းက ဥာဏ်ကောင်းသူမို့ အလီတောင် တစ်ခါဖတ်ရုံဖြင့်ရခဲ့သူမျိုး။

" ဟင်း..... အချက် (၁) ကဘာ.. မိမိကိုယ်ကို ဇာတ်လမ်းထဲမှ character အဖြစ် အရင် အသက်သွင်းပါ"

" အင်းလေ ဟုတ်တာပဲ..အရင် အသက်မသွင်းပဲ ဘယ်လိုလုပ် သရုပ်ဆောင်လို့ရမလဲ"

ဒါကတော့ Minhyun ရဲ့ အကျင့်။ စာလုပ်ပြီဆို တစ်ယောက်တည်း စကားတွေပြောကျက်လိုက်ရမှ။

"အချက် (၂)က ...ဇာတ်လမ်းကို အလွတ်ရပြီး မိမိကိုယ်ကို ထိုဇာတ်လမ်းထဲမှ ဇာတ်ကောင်တစ်ယောက်ဟု မမြင်မချင်း ဖတ်ပါ"

"အင်း..ဟုတ်ပြီ နောက်တစ်ချက်က ..dialog တစ်ကြောင်းစီကို နှလုံးသားဖြင့်ခံစားပြီး ဦးနှောက်ဖြင့်မှတ်သားပါ"
"အောက်ပါ ဥပမာ စာကြောင်းကို လေ့ကျင့်ကြည့်ပါ"

Eg. "ဝေးသွားလည်း ဘယ်တော့မှ မမေ့ဘူးဆို။ ဝေးသွားလည်း အဆက်အသွယ် မပြတ်ဘူးဆို။ ဝေးသွားလည်း တစ်နည်းနည်းနဲ့ နီးစပ်အောင်ပြန်လုပ်မယ်ဆို။ တကယ်လို့ ကံကြမ္မာက ကို့ဘက်မှာမရှိဘဲ တစ်သက်လုံးဝေးသွားကြမယ်ဆိုဘယ်လိုလုပ်
ကြမလဲ"

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now