Unicode 31 - 35 (final)

106 2 0
                                    

" aigoo 。。。အားးးးး " ကားပေါ်မှဆင်းအပြီး ကားမှတ်တိုင်မှာ  အားရပါးရ အကြောဆန့်နေသူက Minhyun...

" အိပ်လို့မှဝပါရဲ့လား..အစ်ကိုတော် ခင်ဗျ"
JaeHwan က ဖက်လုံးလေးကိုဖက်ထားလျက်ပင်မေးလိုက်၏။

" ဟုတ်ကဲ့...ဝပါတယ် ခင်ဗျ " MH က လက်နှစ်ဖက်ကိုဆန့်ထားလျက်ပင်ဖြေလိုက်သည်။

ထို့နောက် လက်ကိုချလိုက်စဉ် မျက်လုံးက JH လက်ထဲက ဖက်လုံးဆီသို့ ရောက်သွား၏။

" ဒီဖက်လုံးကိုကျတော့ ဖက်ထားလိုက်တာဆိုတာ မစ်ကီမောက်တောင် ပြုံးနေရာကနေ မဲ့လာသလိုပဲ " MH စိတ်ထဲက တွေးနေ၏။

ဆက်ပြီး..." ဒီကြွက်စုတ်နေရာ ငါသာဖြစ်လိုက်ရင်ကွာ....တောက် " ဟုတွေးလိုက်သေးသည်။

" ဟင်..hyung... ဘာတွေမကျေမနပ်ဖြစ်နေတာလဲ "

" တောက် " ကစိတ်ထဲမှ မဟုတ်ဘဲ...နှုတ်ခမ်းမှ တကယ်ထွက်သွားသည်ထင်၏။

" ဘာမှ မဖြစ်ပါဘူး...တစ်ယောက်ယောက်ကိုမနာလိုဖြစ်နေတာနဲ့ပဲ "

JH က သူနေမြဲ ပုံစံအတိုင်း နှုတ်ခမ်းစူစူ လေးသာလုပ်ပြလျက်သူ့အိတ်ထုတ်ကိုကောက်ဆွဲလိုက်၏။

"ဘယ်သူ့ကိုမနာလိုဖြစ်နေတာလဲ " ဟု JH ဆီက အမေးကို လိုလိုလားလား အမေးခံချင်နေပါသော်လည်း ထိုစူပုတ်ပုတ်ကောင်လေးက မမေးပေ။

ဖြေချင်ရက်စက်စက်ယို ..နှုတ်ခမ်းဖျားထက်မှ ထွက်ကျခါနီး အဖြေများကို MH ပြန်မျိုချလိုက်ရ၏။

ထိုအမေးအစား..  "လာ သွားမယ် Hyung "ဟုသာကြားလိုက်ရပါသည်။

ထို့ကြောင့် MH လဲ သူ့အထုတ်သူဆွဲကာ JH နောက်မှလိုက်ခဲ့ရတော့၏။

သူ့အရှေ့မှ ဖက်လုံးကထောင်ထောင်ထောင်ထောင်...မနိုင်မနင်းအိတ်ကတစ်မျိုးဖြင့် လှုပ်စိလှုပ်စိလျှောက်နေသော JH ကိုကြည့်ပြီး MH ရယ်ချင်နေ၏။

JH လက်ထဲမှ အထုတ်များကို ပြေးကာ အစားကူဆွဲပေးလိုက်ချင်ပါသော်လည်း..သူ့ကို မေးခွန်းပြန်မမေးသဖြင့် ပညာပေးမည်ဟု တွေးလိုက်၏။

MH တစ်ယောက် ကိုယ့်အတွေးနှင့်ကိုယ် ပျော်ပျော်ကြီးတွေးနေလေ၏
~~~~~

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now