ကြာပန်း​လေးရဲ့ဘဝ

4.1K 141 3
                                    

"ကလင်" "ကလင်" "ကလင်"

" ဟူး! ပျင်းလိုက်တာ "

*မူယာတို့ကလည်း မလာ ကျောင်းဖွင့် တာ
ကမှ မကြာသေးဘူး မယ်မင်းကြီးမတို့တော့ကျောင်းပျက်ကြပြီ ။ ငါ့မှာတစ်ယောက်တည်း*

သူမတွေးရင်း နှုတ်ခမ်းဆူမိသည် ။
ကျောင်းဆင်းပြီး ဖြစ်၍လည်း ကျောင်းသားများ အခန်းထဲမှ အလျှို လျှို ထွက်နေကြ၍ သူမလည်း စာအုပ်တွေသိမ်း ၊ လွယ်အိတ်ကိုလွယ်ပြီး နေရာမှထကာ အပြင်ထွက်ခဲ့
သည်။

ဤရန်ကုန်မြို့ ကြီးသည် မိုးတွင်းပိုင်းဖြစ်သော်လည်း မိုးရွာချိန်မှ လွဲ ၊ ကျန်အချိန်တွေ သည် နွေရာသီကဲ့သို့ပင် ပူအိုက်လှလေ
သည်။

သူမအခန်းထဲမှ ကျောင်းရှေ့ ထိလျှောက်ရ
မည့်​ ခရီးကိုတွေးပြီး သက်ပြင်းကိုသာ
ခပ်ပြင်းပြင်းချမိသည် ။

သူမတို့သည် အဋ္ဌမတန်း ကျောင်းသူဖြစ်၍ သုံးထပ်ကျောင်းဆောင် ဖြစ်သောကြောင့်
မြေညီထပ်တွင်နေရာရသည်။ အတန်းများစီ ထားပုံမှာ အထပ်တစ်ထပ်လျှင် (၅) ခန်း ကျစီရှိပြီး ကျောင်းပေါက်ဝမှဘက်မှ စလျှင် အက္ခရာတို့ကို ပြောင်းပြန်စီထား၍ သူမတို့
(၈) တန်း (A) မှာ အပြင်ရောက်ရန် သူများတွေထက် ပိုဝေးသည်။ ကျယ်ဝန်းလှသော ​ကျောင်းဝင်းမှာ လည်း သက်သေပင်
ုဖြစ်သည်။ နေ့တစ်ပိုင်းကျောင်းဖြစ်၍လည်း အကြီးတန်း (၉ )တန်း ၊ (၁၀) တန်းများ ထဲတွင် သူမတို့မှာ အငယ်ဆုံးဖြစ်ပြီး စာသင်
ချိန်မှလွဲ တခြား ကျောင်းတက်ချိန် ၊
ကျောင်းဆင်းချိန် ၊မုန့်စားဆင်းချိန်တို့တွင် အကြီးတန်းများနှင့်အတူတူ ဖြစ်သည်။
အငယ်ဆိုတိုင်းလည်း ညှာတာမည့် အကြီးများထဲတွင် သူမတို့ကျောင်းမှ အကြီးတန်းများမပါ ၊ အမြဲပင် သူ့ထက်ငါ အပြိုင်ပင်ဖြစ်သည် ။

ယခုလည်း ကျောင်းဆင်းချိန်ဖြစ်၍ အလုအယက်သွား ရဦးမည် ။ သူမထင်သည့်
အတိုင်းပင် (၈) တန်းတွေ လွှတ်ပြီးလို့မှ
မကြာသေး ၊ ​လှေကားပေါ်မှ တဝုန်းဝုန်း
နှင့်ပြေးဆင်းလာသော ခြေသံများ....

မဖြစ်!!!!

တွေးလို့မှ မဆုံးသေး လှေကားရှေ့ ရောက်နေသောသူမ ထိုလုအုပ်ကြီးနှင့်အတူ လမ်းပင် သေချာ မလျှောက်လိုက်ရ အပြင်ရောက်ခဲ့လေပြီ ...

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းDove le storie prendono vita. Scoprilo ora