Past....comes...Present..

717 74 5
                                    

"ဟယ်လို ပါးပါး သမီးကျောင်းပြောင်းတာ အဆင်ပြေတယ်...ဟုတ် သမီး မနက်ဖြန်ပဲ ရန်ကုန် ဆင်းတော့မှာ.."

"......"

"ဟုတ်ကဲ့ ပါး အဆောင်မရခင်ထိတော့ အန်တီ တို့အိမ်မှာ ပဲနေမှာ "

"......."

"ဟုတ် ပါးလည်း ဂရုစိုက်နော်.. ဖုန်းချလိုက်တော့မယ်...."

"တီ......."

ပြတ်တောင်းသွားသော လိုင်းသံလေးနဲ့ အတူ သူမ နှုတ်ခမ်းစွန်း များ ကော့တက်သွားအောင် ပြုံးလိုက်သည်။

"Mission Complete."

ခပ်တိုးတိုးပြော ပြီး နောက်တွင် အခန်းစွန်းနားရှိ Photo Stand တွင် ထောင်ထားသော ဓာတ်ပုံလေးထံသို့ အကြည့်တို့က ရောက်သွားသည်။

မသိစိတ်၏ စေခိုင်းမှုကြောင့် အမှတ်မထင် ကောက်ယူလိုက်ရာမှ သိစိတ်၏ လှုံ့ဆော်မှုကြောင့် မျက်ဝန်းတွေ ဝေဝါးလာကာ နှုတ်ခမ်းပါးတို့ တဆတ်ဆတ် တုန်ယင်လာခဲ့သည်။

သူမ လက်ထဲ ရှိ ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားခဲ့သော ဓာတ်ပုံလေးထဲတွင် တော့ အရိပ်ကောင်းသော သစ်ပင်ကြီးအား နောက်ခံထားပြီး ကောင်လေး တစ်ယောက်နှင့် ကောင်မလေး တစ်ယောက်က ပြုံးပြနေခဲ့သည်။

ကောင်လေးက လက်အစုံကို ပိုက်ကာ မျက်လုံးများ မှိတ်ကျနေအောင် ပြုံးလျက်ရှိပြီး ခေါင်းကို ဘေးက ကောင်မလေး ပခုံးပေါ် တစောင်း တင်ထားသည်။

ဘေးက ကောင်မလေးကလည်း ထိုကောင်လေးကို ကြည့်ကာ ပြုံးပျော်နေသည့်ပုံကို အမိအရ မှတ်တမ်းတင်ထားသော ပုံ တစ်ပုံဖြစ်သည်လေ....

မှတ်မိပါသေးသည် အဲ့တုန်းက သူ့မွေးနေ့ ။ သူမတို့ အတူတူ ခြံဝင်းထဲ ချက်ပြုတ် နေရာမှ တစ်ယောက်က ရယ်စရာ ပြောလိုက်သောကြောင့် သူ့အကျင့်အတိုင်း လက်နှစ်ဖက်ပိုက်ကာ သူမ ပခုံးကို တိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်နေခဲ့ခြင်းပင်။..

"စစ်မာန်...."

ခပ်တိုးတိုး ပြောလိုက်သော ထို စကားသံ အဆုံးတွင် မျက်ဝန်းမှ မျက်ရည်တစ်စက်က Photo Stand လေးပေါ်သို့ တောက် ခနဲ ပြုတ်ကျသွားကာ တဖြည်းဖြည်း နှင့် နိမ့်ရာသို့ တစ်လှိမ့်ချင်း လျှောဆင်းသွားသည်...

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now